Wednesday, February 5, 2014

အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမှုတို့ကြောင့် လူကုန်ကူးမှု ဖြစ်ပွားနေဟုဆို

 အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားနေရခြင်းဖြစ် သည်ဟု လူကုန်ကူးမှုဆိုင်ရာအရေးများကို ဆောင်ရွက်နေသူများက နေပြည်တော်ရှိ အမရာဟိုတယ် တွင် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက် နှစ်ရက်တာကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး တရားစီရင်ရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ပထမရက်တွင် သုံးသပ်ပြောကြားလိုက်သည်။

ယင်းသို့ သုံးသပ်ချက်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစောဝင်းက နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်း နှင့် ၀င်ငွေနည်းပါးမှုသည် လူကုန်ကူးမှုကို ဖြစ်စေသည်မှာ မှန်ကန်သည်ဟု ထပ်မံအတည်ပြု ပြောဆို သည်။
“နိုင်ငံတွင်းမှာ တစ်ရက်ကို မြန်မာငွေ ၃၀၀၀ ကျပ်ရဖို့ မလွယ်ဘူး။ ထိုင်းမှာ ဘတ်၃၀ဆို မြန်မာငွေ၉၀၀၀ ကျပ်လောက်ရတယ်ဆိုပြီး ပွဲစားတွေက ခေါ်တော့ ပါသွားတာပေါ့”ဟု ၎င်းက ဆိုသည်။
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒေသဆိုင်ရာညှိနှိုင်းရေးမှူး ဒ်ါခိုင်မြတ်ချစ်က “လူကုန်ကူးခံရသူတွေအ တွက် Push Factor အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းပါပဲ။ ပိုကောင်းတဲ့ဘ၀နဲ့ မိသားစုစားဝတ် နေရေး အဆင်ပြေမှုတွေကြောင့်ပါ”ဟု ပြောသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဇန်န၀ါရီ ၃၀ ရက် တွင် ထိုင်းနိုင်ငံ၊ မဲဆောက်-မြ၀တီလမ်းကြောင်းမှ အမျိုးသား၊ အမျိုးသမီး၊ ကလေး စုစုပေါင်း လူကုန်ကူး ခံရသူ ၅၆ ဦး၊ တာချီလိတ်လမ်းကြောင်းမှ အမျိုးသားခုနစ်ဦးကို လွှဲပြောင်းလက်ခံရရှိခဲ့သည်ဟု ပြော သည်။
လူကုန်ုကူးခံရသူများ သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ၊ အင်န်ဂျီအိုများ၊ နိုင်ငံတ ကာအင်န်ဂျီအိုများ၊ လူမှုဝန်ထမ်းအဖွဲ့များ ပူးပေါင်း၍ နှစ်သိမ့်ဆွေးနွေးခြင်းဖြစ်စဉ်များ မှတ်တမ်းပြုခြင်း၊ မှတ်ပုံတင်ပျောက်ဆုံးသူများ ယာယီထုတ်ပေးခြင်း၊ ဆေးစစ်ပေးခြင်း၊ မိဘထံ ပြန်လည်အပ်နှံပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်ဟု ဒေါ်ခိုင်မြတ်ချစ်က ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၁၀၂ မှု၊ တရားခံ ၂၃၆ ဦး၊ လူကုန်ကူးခံရသူ ၂၅၆ ဦးရှိခဲ့သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပေါင်း ၅၉ မှု၊ ထိုင်းနိုင်ငံသို့ ၂၂ မှုနှင့် ပြည်တွင်း လူကုန်ကူးမှု ၂၁ မှုရှိခဲ့ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းမှု၂၄ မှု၊ မတရားလက်ထပ်စေမှု ၅၅ မှု အဓမ္မအလုပ်စေခိုင်းမှု၂၀ မှု၊ ကြွေးမြီကြောင့် လူကုန်ကူးခံရမှု တစ်မှု၊ မွေးစားမှု နှစ်မှုတို့ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Mizzima

No comments:

Post a Comment