အုန်းဖျန်ဒုက္ခသည်စခန်းရဲ့ ဇုန်အေ ရပ်ကွက် ၅ မှာ ကလေးငယ်တဦးက မီးခြစ်ကစားရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိပေမယ့် မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။
မီးလောင်မှုကြောင့် အိုးအိမ်မဲ့သွားသူတွေကို စခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကူညီပေးနေတယ်လို့ ပြောပါတယ်။
အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီကလည်း
မီးလောင်ခဲ့ဖူးပြီး ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၁၀၀၀ ကျော်
ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ
တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက်
လူဦးရေအများဆုံး စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို
အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ တီဘီဘီစီအဖွဲ့ရဲ့
စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။DVB
No comments:
Post a Comment