ယူကရိန်းနိုင်ငံမှာ သမ္မတ ယာနူကိုဗစ် (Yanukovich ကို
ဆန့်ကျင်ဆန္ဒပြသူတွေက ကိဗ်မြို့မှာ စိုက်ထူထားတဲ့
ဆိုဗီယက်ရုရှားနိုင်ငံကို တည်ထောင်သူ ဗလာဒီမာ အိုင်ဗန်
လီနင်ရဲ့ ရုပ်တုကို ဒီနေ့ ဖြိုချခဲ့ပါတယ်။“လွန်ခဲ့တဲ့ ၂၂ နှစ်က ယူကရိန်းလွတ်လပ်ရေး အထိမ်းအမှတ်
စိုက်ထူခဲ့တဲ့ ဒီ လီနင်ရုပ်တုဟာ တကယ်တော့ ယူကရိန်းဟာ
မလွတ်လပ်သေးဘူးဆိုတာကို ပြနေတာပါ။ အခုလို
လုပ်လိုက်တော့မှ တကယ့်လွတ်လပ်ရေးအတွက်
အရေးကြီးတဲ့ခြေလှမ်းကို လှမ်းလိုက်တာပါပဲ။
ဒီအချိန်ကစပြီး ယူကရိန်းဟာ ပြောင်းလဲပါပြီ” လို့
အတိုက်အခံပါတီက အင်ဒရေး မော်နက်စ် (ANDRIY MOHNIK က
ပြောကြားခဲ့ပါတယ်။
ကိဗ်မြို့ခံတဦးက “ဒီရုပ်တုဟာ အနုပညာရုပ်တုတခုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မရှိသင့်ပါဘူး။ ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ ရုပ်တုတွေ ထားတဲ့နေရာမှာပဲ ရှိသင့်တာပါ။ အဲဒီမှာ အကုန်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ယာနူကိုဗစ်ဟာ အီးယူနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ သဘောတူပြီးကာမှ ရုရှားနဲ့ ကုန်သွယ်ရေးစာချုပ် ပြန်လည်ချုပ်ဆိုဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံမှာ ၁၀ စုနှစ်အတွင်း အကြီးဆုံး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေပါတယ်။
by dvb

No comments:
Post a Comment