Tuesday, December 10, 2013

မြန်​မာ​က ​တီ​မော​ကို ၃ – ၁ ​ဂိုး​ဖြင့် ​အ​နိုင်​ရ​ရှိ

၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ ​အ​မျိုး​သား ​ဘော​လုံး​ပြိုင်​ပွဲ ​အုပ်​စု ​ဘီ​ရဲ့ ​ပွဲ​စ​ဉ် ​မြန်​မာ​အ​မျိုး​သား​ဘော​လုံး ​အ​သင်း​နဲ့ ​အေ​ရှ့​တီ​မော​အ​သင်း​တို့ ​ဒီ​နေ့ ​သုဝ​ဏ္ဏ ​ဘော​လုံး​ကွင်း​မှာ ​ယှ​ဉ်​ပြိုင်​က​စား​ခဲ့​ပြီး ​မြန်​မာ​အ​သင်း​က ၃-၁ ​ဂိုး​နဲ့ ​အ​နိုင်​ရ​ရှိ​သွား​ပါ​တယ်။မန်​မာ​နဲ့ ​တီ​မော​အ​သင်း​တို့​ဟာ ​ပွဲ​စ​စ​ချင်း ​နှစ်​ဖက်​အ​ပြန်​လှန် ​ထိုး​ဖောက်​က​စား​ခဲ့​ကြ​သ​လို ​ပွဲ​က​လည်း ​ကြည့်​ကောင်း​ခဲ့​ပါ​တယ်။ ၁၂ ​မိ​နစ် ၃၄ ​စ​က္ကန့်​မှာ​တော့ ​မြန်​မာ​ဘက်​က ​တီ​မော​ဂိုး​ဧ​ရိ​ယာ ​အေ​ရှ့​နား​မှာ ​ပြစ်​ဒဏ်​ဘော​ရှိ​ခဲ့​ပြီး ​ကျော်​ဇေ​ယျာဝင်း ​ကန်​သွင်း​ရာ​မှာ ​ဂိုး​၀င်​ခဲ့​ပါ​တယ်။
၁၈ ​မိ​နစ် ၄၂ ​စ​က္ကန့်​မှာ ​မြန်​မာ​အ​သင်း ​ပြစ်​ဒဏ်​ဘော ​ထပ်​မံ​ရ​ရှိ​ခဲ့​ပြီး ​ကန်​သွင်း​ခဲ့​ပေ​မယ့် ​ဂိုး​ဘား​ပေါ် ​ကျော်​သွား​ခဲ့​ပါ​တယ်။ ၂၂ ​မိ​နစ်​မှာ ​ကွင်း​လယ်​က​စား​သ​မား ​ဒေး​ဗစ်​ထန်း ​တ​ကိုယ်​တော်​ပြေး​ဆွဲ​ပြီး ​ကန်​သွင်း​ခဲ့​ပေ​မယ့် ​ဂိုး​ရဲ့ ​ညာ​ဘက်​ဘေး​က​နေ ​ထွက်​သွား​ပါ​တယ်။
၃၂ ​မိ​နစ်​မှာ ​မြန်​မာ​ဘက်​က ​အ​လယ်​တန်း​က​စား​သ​မား ​နေ​လင်း​ထွန်း ​တီ​မော​က​စား​သ​မား​ကို ​ပြစ်​ဒဏ်​ဘော ​ကျူး​လွန်​လို့ ​အ၀ါ​ကတ် ​အ​ပြ​ခံ​ခဲ့​ရ​ပါ​တယ်။ ၃၃ ​မိ​နစ်​မှာ ​တီ​မော​အ​သင်း​က ​ရ​ရှိ​တဲ့ ​ထောင့်​ကန်​ဘော​ကို ​ခေါင်း​တိုက်​သွင်း​ပေ​မယ့် ​ဂိုး​တိုင်​ဘေး​က​နေ ​ကပ်​ထွက်​သွား​ခဲ့​ပါ​တယ်။
၃၅ ​မိ​နစ်​မှာ ​မြန်​မာ​အ​သင်း​ဘက်​က ​တိုက်​စစ်​မှူး ​ကျော်​ကို​ကို ​ညာဝင်း​က​နေ​ဆွဲ​ပြေး​ပြီး ​တီ​မော​နောက်​ခံ​လူ​ကို​လိမ်​ခေါက် ​ကန်​သွင်း​ပေ​မယ့် ​ဂိုး​ဘား​ပေါ် ​ကျော်​သွား​ခဲ့​ပါ​တယ်။
၃၆ ​မိ​နစ်​မှာ​တော့ ​တီ​မော​အ​သင်း​ဘက်​က ​ခြေ​ပ​ဂိုး ​ပြန်​လည်​သွင်း​ယူ​ခဲ့​ပါ​တယ်။ ၄၀ ​မိ​နစ် ၃၀ ​စ​က္ကန့်​မှာ ​မြန်​မာ​အ​သင်း​ဘက်​က ​ကျော​နံ​ပါတ် ၇ ​ဂိုးေ​ရှ့​တည့်​တည့် ​ကန်​သွင်း​ခွင့်​ရ​ပေ​မယ့် ​ဂိုး​အ​ဖြစ် ​မ​ပြောင်း​လဲ​နိုင်​ခဲ့​လို့ ​မြန်​မာ​အ​သင်း ​နစ်​နာ​ခဲ့​ရ​ပါ​တယ်။ ​ဒီ​နောက် ​နှစ်​ဖက်​အ​ပြန်​အ​လှန် ​ထိုး​ဖောက်​က​စား​ခဲ့​ကြ​ပြီး ​ပ​ထ​မ​ပိုင်း ​ပြီး​ဆုံး​သွား​ပါ​တယ်။
ဒု​တိ​ယ​ပိုင်း​စ​ပြီး ၄၈ ​မိ​နစ်​မှာ ​တီ​မော​အ​သင်း​ဘက်​က ​ထောင့်​ကန်​ဘော​ရ​ရှိ​ခဲ့​ပေ​မယ့် ​မြန်​မာ​အ​သင်း ​ဖျက်​ထုတ်​နိုင်​ခဲ့​ပါ​တယ်။ ၅၃ ​မိ​နစ်​မှာ​တော့ ​မြန်​မာ​ဂိုး​ဧ​ရိ​ယာ​အ​စပ်​မှာ ​တီ​မော​အ​သင်း​က ​ပြစ်​ဒဏ်​ဘော​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ပြစ်​ဒဏ်​ဘော​ကို ​တီ​မော​အ​သင်း​ဘက်​က ​ကျော​နံ​ဘတ် ၂၀ ​ကန်​သွင်း​တာ​ကို ​မြန်​မာ​ဂိုး​သ​မား ​ပြည့်​ဖြိုး​အောင် ​ဖျက်​ထုတ်​နိုင်​ခဲ့​ပါ​တယ်။
၅၇ ​မိ​နစ်​မှာ ​မြန်​မာ​ဘက်​က ​ပြစ်​ဒဏ်​ဘော ​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ပစ်​ဒဏ်​ဘော​ကို ​မြန်​မာ​ဘက်​က ​ကျော​နံ​ပါတ် ၈ ​ကန်​သွင်း​ပေ​မယ့် ​တီ​မော ​နောက်​ခံ​လူ​တွေ​နဲ့ ​ထိ​ပြီး ​ထွက်​သွား​ခဲ့​ပါ​တယ်။ ၆၆ ​မိ​နစ်​မှာ​တော့ ​မြန်​မာ​အ​သင်း​ဘက်​က ​ဒေး​ဗစ်​ထန်း​ကို ​ထုတ်​ပြီး ​သိန်း​သန်း​၀င်း​ကို ​ထည့်​သွင်း​ခဲ့​ပါ​တယ်။
၆၈ ​မိ​နစ်​မှာ ​မြန်​မာ​အ​သင်း​ဘက်​က ​ပင်​နယ်​တီ​ရ​ရှိ​ခဲ့​ပြီး ​ကျော​နံ​ပါတ် ၁၀  ​ကျော်​ကို​ကို ​ကန်​သွင်း​ရာ​မှာ ​ဂိုး​၀င်​ခဲ့​ပြီး ​မြန်​မာ​အ​သင်း​က ၂-၁ ​ဂိုး​နဲ့ ​ဦး​ဆောင်​ခဲ့​ပါ​တယ်။ ၇၇ ​မိ​နစ်​မှာ ​မြန်​မာ​အ​သင်း​ဘက်​က ​ကျော​နံ​ပါတ် ၈ ​ကြည်​လင်း​က ၁ ​ဂိုး​ထပ်​မံ​သွင်း​ယူ​ခဲ့​ပါ​တယ်။ ​မိ​နစ် ၈၀ ​မှာ ​တီ​မော​အ​သင်း​ဘက်​က ​ပြစ်​ဒဏ်​ဘော​ရ​ရှိ​ပြီး ​ဂိုးေ​ရှ့​ကန်​တင်​ပြီး ​ခေါင်း​တိုက်​သွင်း​ပေ​မယ့် ​ဂိုး​စည်း​အ​ပြင်​ဘက်​ကို ​ထွက်​သွား​ပါ​တယ်။
၈၄ ​မိ​နစ်​မှာ​တော့ ​မြန်​မာ​အ​သင်း​ခေါင်း​ဆောင် ​ကျော်​ဇေ​ယျာဝင်း​အ​စား ​ကျ​နော်​နံ​ပါတ် ၅ ​ရန်​အောင်ဝင်း ၀င်​ရောက်​က​စား​ခဲ့​ပါ​တယ်။ ​ဒီ​နောက် ​မြန်​မာ​အ​သင်း​ဘက်​က ​ဆက်​တိုက်​ထိုး​ဖောက်​က​စား​ခဲ့​ပေ​မယ့် ​ဂိုး​ထပ်​မံ​သွင်း​ယူ​နိုင်​ခြင်း​မ​ရှိ​ဘဲ ​ပွဲ​စ​ဉ်​ပြီး​ဆုံး​သွား​ပါ​တယ်။
အုပ်​စု​ဘီ​ရဲ့ ​အ​စော​ပိုင်း​ပွဲ​စ​ဉ်​ဖြစ်​တဲ့ ​အင်​ဒို​နီး​ရှား​နဲ့ ​က​မ္ဘော​ဒီး​ယား ​အ​သင်​တို့​ပွဲ​စ​ဉ်​မှာ​တော့ ​အင်​ဒို​နီး​ရှား​က ၁-၀ ​ဂိုး​နဲ့ ​အ​နိုင်​ရ​ရှိ​ခဲ့​ပါ​တယ်။
မြန်​မာ​အ​သင်း​ဟာ ​အုပ်​စု ​ဘီ​ရဲ့ ​ပ​ထ​မ​ပွဲ​စ​ဉ်​မှာ ​က​မ္ဘော​ဒီး​ယား​ကို ၃-၀၊ ​ဒု​တိ​ယ​ပွဲ​စ​ဉ်​ဖြစ်​တဲ့ ​ဒီ​နေ့​မှာ ​အေ​ရှ့​တီ​မော်​ကို ၃-၁ ​ဂိုး​နဲ့ ၂ ​ပွဲ ​အ​နိုင်​က​စား​အ​ပြီး ​ရ​မှတ် ၆ ​မှတ်​နဲ့ ​ထိပ်​ဆုံး​က​နေ ​ဦး​ဆောင်​နေ​ပါ​တယ်။
ဒီ​ဇင်​ဘာ ၁၀ ​ရက်​နေ့​မှာ​တော့ ​အုပ်​စု​အေ ​ပွဲ​စ​ဉ်​တွေ​ဖြစ်​တဲ့ ​ဘ​ရူ​နိုင်း​နဲ့ ​မ​လေး​ရှား​၊ ​ဗီ​ယက်​နမ်​အ​သင်း​နဲ့ ​စင်​ကာ​ပူ​အ​သင်း​တို့ ​ယှ​ဉ်​ပြိုင်​က​စား​ကြ​မှာ​ဖြစ်​ပါ​တယ်။
အ​မျိုး​သ​မီး​ပွဲ​စ​ဉ်​တွေ​ကို​တော့ ​ဒီ​ဇင်​ဘာ ၁၀ ​ရက်​နေ့ ​မ​န္တ​လေး​မြို့ ​သီ​ရိ​အား​က​စား​ကွင်း​မှာ ​မြန်​မာ​အ​မျိုး​သ​မီး​ဘော​လုံး​အ​သင်း​နဲ့ ​ဖိ​လစ်​ပိုင်​အ​သင်း​တို့ ​စ​တင်​ယှ​ဉ်​ပြိုင်​က​စား​မှာ​ဖြစ်​ပါ​တယ်။
မြန်​မာ​အ​မျိုး​သ​မီး​အ​သင်း​ဟာ ​အုပ်​စု​အေ​မှာ ​ဗီ​ယက်​နမ်၊ ​ဖိ​လစ်​ပိုင်​တို့​နဲ့ ​ကျ​ရောက်​နေ​ပြီး ​အုပ်​စု​ဘီ​မှာ​တော့ ​ထိုင်း​၊ ​လာ​အို​နဲ့ ​မ​လေး​ရှား ​အ​မျိုး​သ​မီး​ဘော​လုံး​အ​သင်း​တို့ ​ယှ​ဉ်​ပြိုင်​က​စား​ကြ​ရ​မှာ​ဖြစ်​ပါ​တယ်။
ပြီး​ခဲ့​တဲ့ ၂၀၁၁ ​ခု​နှစ် ​အင်​ဒို​နီး​ရှား​နိုင်​ငံ​မှာ ​ကျင်း​ပ​တဲ့ ၂၆ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ​မှာ​တော့ ​မြန်​မာ​အ​မျိုး​သား​ဘော​လုံး​အ​သင်း​ဟာ ​တ​တိ​ယ ​ကြေး​တံ​ဆိပ်​ဆု ​ရ​ရှိ​ခဲ့​ပါ​တယ်။ ​အ​မျိုး​သ​မီး​ပွဲ​စ​ဉ်​တွေ​ကို​တော့ ​ထည့်​သွင်း​ကျင်း​ပ​ခဲ့​ခြင်း ​မ​ရှိ​ခဲ့​ပေ။

by dvb

No comments:

Post a Comment