လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံ လေယာဉ်ပျက်ကျပြီး တစ်နှစ်အကြာတွင်
စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု
စုံစမ်းရေးအဖွဲ့ခေါင်းဆောင် လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင်
ထွက်ရှိလာသည့် အစီရင်ခံစာကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့
တင်ပြထားပြီးဖြစ်ကာ ၀န်ကြီး ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့
ပြန်လည်ညွှန်ကြားလာမှသာ အစီရင်ခံစာပါအတိုင်း အကောင်ထည် ဖော်
ဆောင်ရွက်ခြင်းနှင့် ပြည်သူများထံ အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု
၎င်းက ဆိုသည်။
စက်ချို့ယွင်းမှုကြောင့်၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ၂၅ ရက်က
ဟဲဟိုးလေဆိပ်တွင် အဲပုဂံမှ ဖော်ကာ F.100 လေယာဉ်အမှတ် XY-AGC သည်
မန္တလေး-ဟဲဟိုးခရီးစဉ်အတွင်း ဟဲဟိုးလေဆိပ်အဆင်းတွင် လေယာဉ် ပျက်ကျမှု
ဖြစ်ပေါ်ခဲ့သည်။
ယခု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထုတ်ပြန်သည့်
အစီရင်ခံစာသည် လေယာဉ်ပျက်ကျမှုဖြစ်ပြီး တစ်နှစ်အ ကြာတွင်မှ ထွက်ရှိကာ
ဝန်ကြီးဌာနသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာနသို့
တင်ပို့ထားပြီဟုဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၀န်ကြီးရုံး ဒုတိယရုံး
အဖွဲ့မှူး ၀န်ကြီးရုံးညွှန်ကြားရေးမှူး ဦးမျိုးမင်းဦးက “အစီရင်ခံစာကို
မိမိတို့ထံသို့ ရောက်ရှိလာခြင်းကို မ သိရှိသေးဘူး။ ၀န်ကြီးကို
တိုက်ရိုက်ပို့တာ ဖြစ်နိုင်တယ်။ ဒီအကြောင်းကိုတော့ သက်ဆိုင်ရာ စုံစမ်းရေး
ဆီကိုရောက်မှ ပြန်မေးလိုက်ပါ”ဟု ပြောသည်။
အဆိုပါလေယာဉ်ပျက်ကျမှုတွင်
လေယာဉ်တွင်း စီးနင်းလိုက်ပါလာသည့် ခရီးသည် ၆၅ ဦးတွင် အင်္ဂလိပ် နှင့် စပိန်
ဧည့်လမ်းညွှန် ဒေါ်နွယ်လင်းရှိန်နှင့် မြေပြင်တွင် ဆိုင်ကယ်စီးနင်းနေသူ
ဦးပြားမှာ လေယာဉ် တောင်ပျံနှင့် ဦးခေါင်း ချိတ်မိပြီး သေဆုံးခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment