ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်တစ်ခုသို့
အမျိုးသမီးတစ်ဦးပါဝင်သည့် ရဲဝန်ထမ်းအယောင် ဆောင် လူတစ်စုက ညဘက်တွင်
နေအိမ်ပေါ်ထိ တက်ရောက်ပြီး ခြိမ်းခြောက်လုယက်ခဲ့မှုကို တိုင်းရဲအ ဆင့်
ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု
အခင်းဖြစ်ပွားခဲ့သည့်
တက်သစ်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်စိန်သော်က ဒီဇင်ဘာ ၂၆ တွင်
မဇ္ဈိမကို ပြောသည်။
“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ
ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ
ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု
ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်က
ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာ၊ အမှတ် (၅၆) ရှိ မဆောင်းနှင်းအေး
(၂၆)နှစ်၏နေအိမ်သို့ အယောင်ဆောင် ၀င်ရောက် လုယက်ခဲ့ခြင်း လည်း ဖြစ်သည်။
၎င်းတို့မိသားစု
အိပ်စက်နေကြစဉ်အတွင်း နေအိမ်ရှေ့မှ ခင်ပွန်းအမည်အား အော်ခေါ်သဖြင့်
ခင်ပွန်းနှင့် အတူ ထကြည့်ရာ အမည်မသိ အမျိုးသားများက ၎င်းတို့သည်
လှိုင်သာယာအမှတ် (၂) ရဲစခန်းမှ ရဲတွေ ဟုပြောဆိုကာ နေအိမ်ပေါ်သို့
တက်ရောက်ခဲ့သည်ဟု တရားလိုက ဆိုထားသည်။
ယင်းနောက်တွင်
ရဲဟုဆိုသူတစ်ဦးက မဆောင်းနှင်းအေး၏ မောင်ဖြစ်သူအောင်ကိုနှင့် သူငယ်ချင်းကို
မူး ယစ်ရမ်းကားမှုဖြင့် ရဲစခန်းတွင်ဖမ်းဆီးထားသည်ဟု ဆိုခဲ့သည်။ ထို့နောက်
အမှုမဖွင့်လိုပါက ငွေငါးသိန်း ပေးရမည်ဖြစ်ကြောင်းနှင့် မပေးပါက
ဒုက္ခရောက်လိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်ဟု တရားလိုက ဆို သည်။
ထို့ကြောင့်
ကြောက်လန့်ပြီး ၎င်းတို့တောင်းသည့် ငွေအား ပေးရန်အတွက် အိပ်ခန်းအတွင်းရှိ
ကျွန်းသေ- တ္တာထဲတွင် သိမ်းဆည်းထားသည့် ငွေစက္ကူများနှင့် ရွှေထည်ပစ္စည်းများ
ယူဆောင်ခဲ့ပြီးနောက် ၎င်းတို့က ရွှေထည်နှင့် ပိုက်ဆံများကို
ယူဆောင်သွားခဲ့သည်ဟု ကာယကံရှင်က ရဲထံတွင် ပြောပြခဲ့သည်။
ယင်းတို့သည်
ငွေစက္ကူရောရာ ကျပ် ၃၄၄၅,၀၀၀ နှင့် ရွှေထည်ပစ္စည်းများပါ ပါရှိသွားပြီး
စုစုပေါင်း တန်ဖိုး မှာ ကျပ် ၇၃၄၀၀၀၀ သိန်းဖိုးအထိ လုယက်ခံခဲ့ရသည်ဟု
တရားလိုက ဆိုထားသည်။
ထို့ကြောင့် ယင်းအမှုကို တက်သစ်နယ်မြေရဲစခန်းက
(ပ)၁၃၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ များကို
စုံစမ်းဖော်ထုတ်လျက်ရှိကာ ဖမ်းဆီးရမိပါက ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၂/၁၇၀ ဖြင့်
တရားစွဲတင်ရန် ပြင်ဆင်ထားသည်။
Mizzima
No comments:
Post a Comment