လာမည့်နှစ် အစောပိုင်းတွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မိသားစုမှ
ပေါက်ဖွားလာသည့် မိခင်၊ ဖခင်များ အနေဖြင့် ၄င်းတို့မိသားစု အတွက် ဒုတိ
ယမြောက် ရင်သွေး ကို ရယူခွင့်ရှိလာနိုင် ဖွယ်ရှိကြောင်း မိသားစု စီမံကိန်း
ဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးက စနေနေ့ တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
၎င်း
အရာရှိသည် အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်းကော်မရှင်မှ
မိသားစု စီမံကိန်း ညွှန်ကြားမှု ဌာန၏ ဒါရိုက်တာ ရန် ဝန်ဇူရန် ဖြစ်ပြီး
နိုင်ငံပိုင် CCTV သတင်း ဌာနနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ မိသားစု စီမံကိန်း မူဝါဒဖြေလျှော့ပေးမှု
ကို လာမည့်နှစ် အစောပိုင်းတွင် စတင်နိုင်ဖွယ် ရှိပြီး သက်
ဆိုင်ရာအာဏာပိုင် များ၏ ခွင့်ပြုချက်ရ လျှင် အမိန့် ထုတ်ပြန်နိုင်ပြီဟု ထပ်
လောင်းပြောကြားသည်။
ယခင်က သတ်မှတ်ထားသည့် စည်းမျဉ်း အရ
မြို့ပြဒေသများတွင် တစ်ကောင်ကြွက် မိခင်နှင့် ဖခင် တို့သာလျှင်
၎င်းတို့နှစ်ဦး လက်ထပ် ပြီးနောက် က လေးနှစ်ယောက် ယူပိုင်ခွင့် ရှိခဲ့သည်။
နိုဝင်ဘာလ
၁၂ ရက်နေ့က ပြီး ဆုံးခဲ့သည့် ၁၈ ကြိမ်မြောက် တရုတ်ကွန် မြူနစ်ပါတီ၏
ဗဟိုကော်မတီ များ မျက် နှာစုံညီ စည်းဝေးပွဲတွင် တစ်အိမ်ထောင် ကလေး တစ်ယောက်
မူဝါဒကို ဖြေလျှော့ ပေးရန် ဆုံးဖြတ်ခဲ့ပြီး မိခင်ဖြစ်စေ ဖခင် ဖြစ်စေ
တစ်ကောင်ကြွက် အဖြစ် မွေးဖွားလာပြီး အိမ်ထောင်ကျထား သူများကို ကလေး နောက်
တစ်ယောက် ထပ်မံယူ ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
ဒါရိုက်တာ
ရန်ဝန်ဇူရန်က တိုးပွား လာမည့် ကလေး မွေးဖွားမှုနှုန်းနှင့် လိုက် လျော
ညီထွေဖြစ်မည့် ပညာရေးနှင့် ကျန်းမာရေး အဖွဲ့အစည်း များကို အသင့် ပြင် ထား
ရန်နှင့် ထပ်မံ မွေးဖွားလာမည့် ကလေးများနှင့် ၄င်းတို့၏ မိခင်များ
အရည်အသွေး ပြည့်မီသည့် ဝန်ဆောင်မှု ရရှိနိုင်ရန် လုပ်ဆောင် ပေးနိုင်ဖို့
လိုအပ်ကြောင်း တိုက်တွန်း ထား သည်။
ဖြေလျှော့ပေး လိုက်မည့်
စည်းမျဉ်း အသက်ဝင်မှုသည် သက်ဆိုင်ရာ ဒေသ၏ လတ်တလော အခြေအနေပေါ် မူတည် ပြီး
အချိန် ကွာခြားမှု ရှိနိုင်သော်လည်း များစွာ ကွာခြားမှု မရှိသင့်ကြောင်း၊
ရေရှည် တည်တံ့မည့် စည်းမျဉ်းတစ်ရပ် ဖြစ်သောကြောင့် မိဘများ အနေဖြင့် လည်း
မူဝါဒ ထွက်လာပြီးနောက် ကလေး ထပ်ယူမည့် အစီ စဉ် ကိုအလောတကြီး လုပ်ဆောင်ရန်
မလိုအပ်ကြောင်း ရန် ဝန်ဇူရန်က ပြောသည်။
အမျိုးသား ကျန်းမာရေးနှင့်
မိသားစု စီမံကိန်းကော်မရှင် ၏ ပြီးခဲ့သည့် စစ်တမ်းကောက်ယူ ထားမှုများအရ
ရင်သွေး ရယူမှု ဥပဒေ ဖြေလျှော့မှုကြောင့် ဒုတိယမြောက် ရင်သွေး ရယူနိုင်သည့်
မိသားစု ၁၅ သန်းမှ သန်း ၂ဝ အထိရှိနိုင် ပြီး ၄င်းတို့ထဲမှ ၅ဝ (သို့) ၆ဝ
ရာခိုင်နှုန်း ခန့်က ဒုတိယမြောက် ရင်သွေးကို ရယူ လိုသည့်ဆန္ဒ ရှိနေ သည်ဟု
သိရသည်။
ရန်ဝန်ဇူရန် က နှစ်စဉ်နှစ်တိုင်း ကလေး ၂ သန်းဝန်းကျင်
ထပ်မံမွေးဖွား လာနိုင်သော်လည်း ၄င်းပမာဏသည် နိုင်ငံ အတွင်းရှိ ကျန်းမာရေး၊
ပညာရေး ဝန်ဆောင်မှု ကဏ္ဍ များကို ပြဿနာကြီး ကြီးမားမား မသက်ရောက် စေနိုင်
ကြောင်း ပြောသည်။
ကျွမ်းကျင် သူများက ယခုလိုပြုပြင် ပြောင်းလဲမှုသည်
အချိန်ကိုက် လုပ်ဆောင် နိုင်ခြင်းဖြစ်ပြီး နိုင်ငံ အတွင်း ကျား/မ
အချိုးအစား မညီမျှမှုကို ဟန်ချက်ညီ သွားစေနိုင် သည် ဟု သုံးသပ်ကြသည်။
၂ဝ၁၂
ခုနှစ် နှစ်ကုန်ပိုင်းက ကောက်ယူ ထားသည့် စာရင်းဇယား အရ တရုတ်နိုင်ငံတွင်
အသက် ၆ဝ နှင့် အထက် လူဦးရေ ၁၉၄ သန်းဖြင့် ကမ္ဘာပေါ်တွင် သက်ကြီး ရွယ်အို
အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ယခုလို ပြောင်းလဲမည့် အစီအစဉ်သည်
ပြည်သူ များ၏ လိုလားချက်နှင့် နိုင်ငံ အတွက် ပြောင်းလဲ ရတော့မည့်
အချိန်တွင် လုပ် ဆောင်သည့် ပြောင်းလဲမှု တစ်ခုဖြစ် သည်ဟု ရန်ဝန်ဇူရန် က
ထပ်လောင်း ပြောကြားခဲ့သည်။
Popular Myanmar News Journal

No comments:
Post a Comment