ရန်ကုန် ၊ ဒီဇင်ဘာ ၁၅။ ။ ကမ္ဘာ့ စားအုန်းဆီစားသုံးမှု များ လျှော့ ချ နေသော်
လည်း မြန်မာနိုင်ငံတွင် စားအုန်းဆီ စားသုံးမှုမှာ ပိုမိုမြင့် တက်
လာနေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်း
ဒု-ဥက္ကဋ္ဌ ဦးဇော် မင်းဝင်းက ဒီဇင်ဘာ ၁၄ရက် ကုန်သည်စက်မှု အသင်းရုံးချုပ်၌
ပြုလုပ်သော (၂၁)ကြိမ်မြောက် မြန်မာနိုင်ငံဆီ ကုန်သည်နှင့် လုပ်
ငန်းရှင်များအသင်းသားစုံညီအ စည်းအဝေးတွင် ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ
ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဦးဇော်မင်းဝင်းက
''ကျွန် တော်တို့နိုင်ငံရဲ့ စားအုန်းဆီစား သုံးမှုက တစ်နှစ်ထက်တစ်နှစ်
မြင့်တက်နေပေမယ့် နိုင်ငံတကာ မှာက ကျန်းမာရေးအရ တဖြည်း ဖြည်းလျှော့ ချဖို့
လုပ်နေ တယ်။ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဆီစား သုံးမှုက တစ်နှစ်ကို
ခြောက်ပိဿာ လောက်ကို စားသုံးနေတယ်။ ဒါကို တဖြည်းဖြည်းလျှော့ချနိုင်
ဖို့လိုတယ်''ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံ၏ စား
အုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် ကိုးသိန်းနီးပါးအထိ ရှိနေရာ ပြည်
တွင်းထုတ်လုပ်မှုအနေဖြင့် ခြောက် သိန်းဝန်းကျင်သာ ရှိနေခြင်း ကြောင့်
မလေးရှား၊ အင်ဒိုနီးရှား မှ တင်သွင်းသည့်အပြင် ထိုင်းနယ် စပ်မှလည်း
တစ်နှစ်တန်ချိန် ၅၀၀၀ ကျော် တင်ပို့နေရကြောင်း၊ ယခု နှစ်
ဆီထွက်တင်သွင်းမှုမှာ ယခင် နှစ်ထက် တန်ချိန်နှစ်သောင်းနီး ပါး
ပိုမိုနေကြောင်း စီးပွားကူးသန်း စာရင်းများအရ သိရသည်။
ယင်းနှင့်ပတ်သက်၍ပြည်
ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ပြည်တွင်းစားဆီ လိုအပ်ချက် ကို
ပြည်မီဖို့ဆိုရင် နှမ်းတို့၊ မြေပဲ တို့ကို ပိုစိုက်ဖို့လိုတယ်။ စိုက်ဧက
နည်းလို့ စားသုံးဖို့ မလုံလောက် ရင် ပြည်ပကသွင်းရမှာပဲ။ စားဆီ ဆိုတာက
မြေပဲတို့၊ နှမ်းတို့ လောက် ကျန်းမာရေးနဲ့မညီတာ တော့ အမှန်ပဲ။ ပြည်တွင်းမှာ
ဆီ ထွက်သီးနှံကို တန်ချိန်သုံးသိန်း လောက်ထုတ်နိုင်အောင်ကို တိုး
ချဲ့စိုက်ပျိုးဖို့ လိုတယ်''ဟုဆိုသည်။ ပြည်တွင်း၌ နှမ်းဆီ၊ မြေပဲဆီ
များထွက်ရှိသော်လည်း ယင်း၏ ဈေးနှုန်း မှာ စားအုန်ဆီ ဈေးထက် ထက်ဝက်ကျော်
ကွာဟချက်ရှိနေ ခြင်းကြောင့် စားဆီစားသုံးမှုမြင့် တက်နေခြင်းဖြစ်ပြီး
ယင်းအား လျှော့ချရန်အတွက် လူတစ်ဦး ချင်း၏ စီးပွားရေးအခြေအနေ ပေါ်တွင်
မူတည်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ဆီကုန်သည်အသင်းအ
တွင်းရေးမှူး ဦးဆန်းလင်းက ''စား ဆီထက် မြေပဲဆီက ကျန်းမာရေး အရ ကောင်းပေမယ့်
ဈေးကွာဟ ချက်ကမြင့်နေတော့ လူတွေက စားသောက်ဖို့ အခက်အခဲဖြစ်နေ ပါတယ်။
အဲဒီအတွက် ဆီအသင်း အနေနဲ့ သွင်းနေတဲ့ စားဆီတွေ ကို
ကျန်းမာရေးနဲ့ကိုက်ညီဖို့ စည်း ကမ်းတွေချမှတ်ပြီး အဖွဲ့အ စည်းအသီးသီးနဲ့
ဆောက်ရွက်နေ ပါတယ်။ စားရန်မသင့်တဲ့ဆီတွေ ကို ချက်ချင်းသိမ်းဆည်းပြီး အ
ရေးယူဆောင်ရွက်တာတွေ လုပ် ပါတယ်''ဟု ဆိုသည်။ ဒေါက်တာ ဦးမျိုးမြင့်က
''စားဆီတို့၊ အချိုမှုန့်တိုက လူတွေ အတွက် ကျန်းမာရေးနဲ့မညီတာ ကို
လူတွေလဲသိတယ်။ ကျွန်တော် တို့လဲ ပြောနေတယ်ဆိုပေမယ့် ပြည်သူတွေ ပဲဆီ၊
နှမ်းဆီ ပြောင်း စားဖို့ ဝင်ငွေတွေလဲ မူတည် တယ်။ အခုနောက်ပိုင်း လူတွေ ရဲ့
စားသောက်မှုပုံစံမှာ ကျန်းမာ ရေးရှုထောင့်က ထည့်သွင်းစဉ်း စားလာကြတဲ့အတွက်
တဖြည်း ဖြည်းနဲ့ သူတို့ဘာသာလျှော့ချ လာမှာပါ''ဟု ဆိုသည်။
Yangon Media Group
No comments:
Post a Comment