Tuesday, December 17, 2013

အင်ဒို-မြန်မာပွဲအပြီး ပရိတ်သတ်နှင့် လုံထိန်းရဲများ ပဋိပက္ခဖြစ်ပွား

သုဝဏ္ဏကစားကွင်းအနီး လေးဘက်လေးလံကို ပိတ်ထားလိုက်ပြီဖြစ်သည်။ ဝေဇယန္တာလမ်းကို လုံးဝပိတ်ထားလိုက်ပြီး သံသုမာလမ်းနှင့် လေးထောင့်ကန်လမ်းတို့ကို တစ်ဘက်စီ ပိတ်ထားလိုက်ပြီဖြစ်သည်။


လူများ၊ ကားလမ်းများနှင့် လမ်းသွယ်များကိုလည်း ပိတ်ထားပြီး ရဲခံတပ်လေးဆင့် ကာရံထားသည်။ လက်ရှိတွင် ကစားကွင်းအနီး ပရိတ်သတ်များမရှိတော့ဘဲ ဝေဇယန္တာလမ်းပေါ်ရှိ Organge စူပါမားကတ်အနီးတွင်သာ အနည်းငယ်ရှိသည်ကို တွေ့ရသည်။

Orange အနီးတွင် မီးသတ်ကားများရပ်ထားပြီး ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းအထိ မီးသတ်ကား စုစုပေါင်း ရှစ်စီးရှိပြီး မီးသတ်အင်အားလည်း ၂၀၀ခန့်ရှိသည်။

အော်ဟစ်ကာ ခဲဖြင့်ပေါက်သော ပရိတ်သတ်များထဲမှ ၇ဦးကို မဇ္ဈိမသတင်းထောက် ရှေ့၌ပင် ဖမ်းဆီးသွားသည်ကို တွေ့ရသည်။ ရဲတစ်ချို့လည်း ဒဏ်ရာရရှိခဲ့သည်။ လုံခြုံရေးအင်အား ထောင်ကျော်ရှိသည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက်က ခန့်မှန်းပြောဆိုသည်။

ယင်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပွဲတွင် ဒီဇင်ဘာလ ၁၆ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၁ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်သဖြင့် ပရိတ်သတ်များ ဆူပူရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း-ဓါတ်ပုံ
Mizzima - News in Burmese






No comments:

Post a Comment