ဆီးဂိမ်းပြိုင်ပွဲများကျင်းပနေသည့် နေပြည်တော် ၀ဏ္ဍသိဒ္ဓိအားကစားကွင်းရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ရပ် ထားသော လိုက်ထရပ်အဖြူရောင်ကားတစီးကို
အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်း ဆိုသူက ကား၏ရှေ့မှန်ကို ရိုက်ခွဲခဲ့သည်။
“ ဒီကဆိုင်တွေ အကုန်လုံးကို ကားမရပ်ရဘူးလို့ ပြောထားပြီးသား။ ကျနော် ဒီကားကို တွေ့တာ ၄ ရက်
လောက် ရှိပြီ။ ဘယ်သူကားလဲဆိုတာ
သိအောင်ခေါ်သေးတယ်။ ပိုင်ရှင်ထွက်မလာလို့ တရားခံပေါ်လာအောင်
ကားမှန်ရိုက်ခွဲလိုက်တာ”ဟု အားကစားဝန်ကြီးဌာန
ညွှန်ကြားရေးမှူးဦးကျော်မိုးဝင်း ကပြောသည်။
ကားပိုင်ရှင်မှာ
ကိုဗညားဆိုသူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းအမှတ်တရ
ပစ္စည်းအရောင်းဆိုင်ကို ၄င်း ကားရပ်နားထားရာ Social Zone အတွင်း
ဖွင့်ထားသူတဦးဖြစ်သည်။ ယနေ့ နံနက် ၁၀ နာ၇ီခန့်တွင် ကမ္ဘောဇဘဏ်သို့
လာရောက်စဉ် ကားရှေ့ ညာဘက်နှင့် ဘယ်ဘက် မှန်နှစ်ချပ်စလုံး ရိုက်ခွဲခံလိုက်ရ
ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီနေရာမှာ ကားမရပ်ရဘူးဆိုပြီးတော့
ရေးမထားဘူး။ ဒီနေရာမှာ ကားမရပ်ရဘူးဆိုတာ မသိဘူးလားဆိုပြီး ကျနော်ကားကို
တုတ်နဲ့ရိုက်ခွဲသွားတာ။ ကျနော် သမ္မတရုံး ပြည်သူ့ဝန်ဆောင်မှု ရုံးကို
ဖုန်းဆက်ထားတယ်။ ဒီနေ့ဖြေရှင်းပေးမယ်လို့ ပြောတယ်။ နေပြည်တော် အမှတ်(၅)
ရဲစခန်းကို လှမ်းပြောတော့ အမှုလာဖွင့်ပါလို့ ပြောတယ်” ဟု ကိုဗညားက ဆိုသည်။
“ ဗိုလ်မှူးကျော်မိုးဝင်းရဲ့
လူတွေက တွေ့လား ငါတို့ညွှန်မှူး ရိုက်ခွဲလိုက်တာ ဆိုပြီး ဂုဏ်ယူပြီးတော့
ဒီနားက လူတွေကို ကြွားသွားသေးတယ်တဲ့။ ကားမှန်ရိုက်ခွဲခံရတာကိုတွေ့တဲ့
မျက်မြင် သက်သေတွေရှိတယ်” ဟု လည်း ကိုဗညား ပြောသည်။
နောက်ရက်များတွင် Social Zone
အတွင်းသို့ ကားဝင်ရောက်ခွင့်ကို ကန့်သတ်သွားမည်ဟု အားကစား ၀န်ကြီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းက ဆိုသည်။
by irrawaddy


No comments:
Post a Comment