ပရိသတ်အားပေးမှု ရရှိထားသော ကလေးသရုပ်ဆောင် ယွန်းယွန်းသည်
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးပါက မင်းသမီးအဖြစ် ဇာတ်ကား
စတင်ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ၀ိုင်းက ပြောကြားသည်။
ရုပ်ရှင်လောကတွင် ကလေးသရုပ်ဆောင်များ အရွယ်ရောက်လာသည့်အခါ
မင်းသမီးတစ်ဦးအဖြစ် အောင်မြင်မှုမရရှိနိုင်ဆိုသည့် အယူအဆများကို လက်မခံလို၍
ယွန်းယွန်းကို မင်းသမီးအဖြစ် တင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
““ကိုယ်ပြောပြီးသားစကားကို တည်အောင်လို့
အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကာယကံရှင်ဘက်ကလည်း ပြင်ဆင်ထားဖို့
အများကြီးလိုအပ်ပါလိမ့်မယ်။ သူက အခုမှ ရှစ်တန်းဆိုတော့ ၂ နှစ်အတွင်းမှာ
သူက အများကြီးပြောင်းလဲနိုင်ပါသေးတယ်။ သူ့ပုံစံက ဘယ်လိုဆိုတာက မသိနိုင်တော့
စောင့်ကြည့်ရမှာပါ”” ဟု ဒါရိုက်တာဝိုင်းက ပြောသည်။
သရုပ်ဆောင်အသစ်ရှားပါးမှုထက် သရုပ်ဆောင်ပညာတတ်ကျွမ်းသူ
ပိုရှားပါးလာခြင်းက ရုပ်ရှင်လောကအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး
သရုပ်ဆောင်မျိုးဆက်ပြတ်မသွားအောင် မျိုးဆက်သစ်များ ဖြည့်ဆည်းရမည်ဟု
ဝိုင်းကသုံးသပ်သည်။
၂၀၁၂ ခုနှစ် အကယ်ဒမီထူးချွန်ဆုအတွက် ဒါရိုက်တာဝိုင်းရိုက်ကူးသည့်
““လက်ပံ”” ရုပ်ရှင်ထက် ““တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ”” ဇာတ်ကားတွင်
ကလေးသရုပ်ဆောင် ယွန်းယွန်းက အကယ်ဒမီရနိုင်ခြေပိုများကြောင်း
ဝိုင်းကခန့်မှန်းသည်။
7day Daily

No comments:
Post a Comment