Wednesday, December 11, 2013

ထိုင်း​ဘု​ရင့်​မြေး ​ဆီး​ဂိမ်း ​မြင်း​အ​လှ​စီး​ပြိုင်​ပွဲ ၀င်​မည်

ထိုင်း​ဘု​ရင့်​မြေး​တော် ​မင်း​သ​မီး ​သီ​ရီ​ဗင် ​နာ​ဗ​ရီ ​နာ​ရီ​ရ​တ​နာ (Sirivan-navari Nariratana ​ဟာ ​ဒီ​ဇင်​ဘာ ၁၃ ​ရက်​နဲ့ ၁၄ ​ရက်​တို့​မှာ ​ယှ​ဉ်​ပြိုင်​မယ့် ​မြင်း​အ​လှ​စီး​ပြိုင်​ပွဲ​မှာ ​ပါဝင်​ယှ​ဉ်​ပြိုင်​မယ်​လို့ ​မြန်​မာ​နိုင်​ငံ ​မြင်း​စီး​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​အေး​ချို​က ​ပြော​ပါ​တယ်။အဲ​ဒီ ​ပြိုင်​ပွဲ​မှာ ​မြန်​မာ​အ​ပါ​အ၀င် ​ထိုင်း​နဲ့ ​မ​လေး​ရှား​စ​တဲ့​   ​နိုင်​ငံ​ပေါင်း ၇ ​နိုင်​ငံ​က ​မြင်း​စီး ​အား​က​စာ​သ​မား​တွေ ​ပါဝင်​ယှ​ဉ်​ပြိုင်​ကြ​မှာ​ဖြစ်​ပြီး ​မြန်​မာ​နိုင်​ငံ​က ​စီ​စ​ဉ်​ပေး​ထား​တဲ့ ​မြင်း​တွေ​နဲ့​ပဲ ​ယှ​ဉ်​ပြိုင်​ကြ​ရ​မှာ ​ဖြစ်​ပါ​တယ်။ ​စီး​ရ​မယ့်​မြင်း​တွေ​ကို ​မဲ​နှိုက်ေ​ရွး​ချယ်​ရ​မှာ ​ဖြစ်​ပြီး ​မဲ​ပေါက်​တဲ့​မြင်း​ကို ​စီး​ပြီး ​ပြိုင်​ရ​မှာ​လည်း ​ဖြစ်​ပါ​တယ်။
ထိုင်း​ဘု​ရင့်​မြေး​တော်​ဟာ ​ဒီ​ဇင်​ဘာ ၉ ​ရက်​က​တည်း​က ​ပြိုင်​ပွဲ​ကျင်း​ပ​မယ့် ​နေ​ပြည်​တော်​ကို ​ရောက်​ရှိ​နေ​ပြီ ​ဖြစ်​ပါ​တယ်။

by dvb

No comments:

Post a Comment