Wednesday, December 11, 2013

ဆီး​ဂိမ်း ​ဖွင့်​ပွဲ ​မိုး​မ​ဖျက်​နိုင်

ဆီး​ဂိမ်း​ပြိုင်​ပွဲ ​ဖွင့်​ပွဲ​ကျင်း​ပ​မယ့် ​နေ​ပြည်​တော် ​အ​ပါ​အ၀င် ​တိုင်း​နဲ့​ပြည်​နယ်​အ​တော်​များ​များ​မှာ ​နေ​ရာ​ကွက်​ကျား ​မိုး​ထစ်​ချုန်း​ရွာ​နိုင်​တယ်​လို့ ​မိုး​လေ၀​သ​ဌာ​န​က ​ညွှန်​ကြား​ရေး​မှူး ​ဦး​ချစ်​ကျော်​က ​ပြော​ပါ​တယ်။ဘ​င်္ဂ​လား​ပင်​လယ်​အော်​မှာ ​ဖြစ်​ပေါ်​နေ​တဲ့ ​မ​ဒီ ​ဆိုင်​က​လုန်း​မုန်​တိုင်း​က ​ထွက်​နေ​တဲ့ ​တိမ်​တန်း​တွေ​ဟာ ​မြန်​မာ​နိုင်​ငံ​ဘက် ​ရောက်​ရှိ​နေ​တာ​ကြောင့် ​အ​ခု​လို ​နေ​ရာ​ကွက်​ကျား ​မိုး​ရွာ​နိုင်​တာ ​ဖြစ်​တယ်​လို့​လည်း ​ပြော​ပါ​တယ်။ ​ဒီ​နေ့​လည်း ​နေ​ပြည်​တော်​မှာ ​မိုး​ရွာ​ခဲ့​ပြီး ​မ​နက်​ဖြန်​အ​တွက် ​ခန့်​မှန်း​ချက်​က​တော့ ​နေ​ပြည်​တော်​မှာ ​နေ​ရာ​ကွက်​ကျား​မိုး​ရွာ​နိုင်​တယ်။ ​ရွာ​ရန်​ရာ​နှုန်း ၈၀ ​ဖြစ်​တယ်​လို့ ​မိုး​လေ၀​သ​ဌာ​န​က ​သ​တင်း​ထုတ်​ပြန်​ထား​ပါ​တယ်။
နေ​ပြည်​တော်​မှာ ​ရွာ​နိုင်​တဲ့ ​မိုး​ရေ​ချိန်​ဟာ ​လက်​မ၀က်​လောက်​ပဲ​ရှိ​တာ​မို့ ​ဆီး​ဂိမ်း​ပြိုင်​ပွဲ ​ဖွင့်​ပွဲ​ကို ​မ​ထိ​ခိုက်​လောက်​ဘူး​လို့​လည်း ​ညွှန်​ကြား​ရေး​မှူး ​ဦး​ချစ်​ကျော်​က ​ပြော​ပါ​တယ်။

No comments:

Post a Comment