Friday, December 27, 2013

သန်းသန်းထွေးနှင့် တွေ့ဆုံခြင်း

► အခု ဆီးဂိမ်းမှာ သန်းသန်းထွေး နာမည်ကို ဆိုင်းဘုတ်တွေနဲ့ အားပေးကြတယ်။ တက်တူးထိုးတဲ့ သူတောင် ရှိတယ်လို့ ကြားတယ်။ အစ်မအနေနဲ့ ဘယ်လိုခံစားရလဲ။ ဘယ်လိုပြောရမလဲ။ အတိုင်းထက်အလွန်ပေါ့။ အရမ်းကိုဝမ်းသာတယ်။ ဘယ်လိုပြောရမလဲ
ကိုယ့်ရဲ့ကြိုးစားမှုကို အားပေးတဲ့အတွက် ဝမ်းသာပါတယ်။ စိတ်မကောင်းတာတစ်ခုက သူတို့ရဲ့ အားပေးမှုကို ကိုယ်ကရခဲ့ပြီး ကိုယ်က သူတို့လိုချင်တာကို ပြန်မပေးနိုင် ခဲ့ဘူး။ ပြန်မပေးဆပ်နိုင်တဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။
► ဆီးဂိမ်းမှာ ရွှေနဲ့လွဲချော်ခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဒီပွဲမှာ တော်တော်တော့ ခံစားလိုက်ရ တယ်။ ဘောလုံးကစားလာတာလည်းကြာပြီ။ ဒီပွဲက အခံစားရဆုံးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်နိုင်ငံအိမ်ရှင် အဖြစ် ကစားရတယ်။ ရွှေတံဆိပ်ဆု မရခဲ့ဘူး။ ဆီးဂိမ်းမှာ တစ်ခါမှ မရခဲ့ဖူးတဲ့ ဒီရွှေတံဆိပ်ကို တအားမျှော် လင့်ခဲ့တာ။ ပြီးတော့ ပြည်သူလူထု ကလည်း တစ်ခဲနက် အားပေးခဲ့တဲ့အချိန် ရွှေတံဆိပ်ပဲ ရချင်တာ။ ပြီးတော့ အခုလိုမရခဲ့တာကို ပြည်သူလူထုကကျေနပ်ခဲ့ကြတယ်။ ကိုယ်ကတော့ ဘယ်စိတ်ကောင်းမလဲ။ သူတို့ပေး တာကတော့ ရွှေတံဆိပ်ဆု။ ဒါပေမဲ့ ကိုယ်ရခဲ့ တာကတော့ ကြေးတံဆိပ်က ကြေးတံဆိပ်ပါပဲ။ ဘာမှမပြောင်းလဲ ပါဘူး။ အဲဒီအတွက် ဝမ်းနည်းပါတယ်။ ပြည်သူတွေ အားပေးလို့တော့ ဝမ်းသာပါတယ်။
► ဘယ်အရွယ်လောက်ကတည်းက ဘောလုံးကို စကန်ခဲ့တာလဲ။
ဝါသနာပါတာတော့ ငယ်ငယ်လေးကတည်းကပါ။ စကန်ဖြစ်တာကတော့ ၁၃ နှစ်အရွယ်လောက်ကတည်းကပါ။ ကျောင်းသားပွဲတွေမှာစကန်တာ။ ကျောင်းသားပွဲတို့ ရပ်ကွက်ပွဲတို့ကနေ တိုင်းနဲ့ပြည်နယ်ပွဲတွေမှာကန်ရင်း လက်ရွေးစင် ဖြစ်လာတာပါ။ လက်ရွေးစင်ကို အငယ်တန်းအနေနဲ့ စကစားတာ ၁၉၉၉ လောက်ကပါ။
► ဘဝရပ်တည်ချက်များစွာထဲက ဘာလို့ ဘောလုံးကစားနည်းနဲ့ ဘဝရပ် တည်ဖို့ ရွေးချယ်ခဲ့တာလဲ။
ဒီကစားနည်းကို အနှစ်သက်ဆုံးပဲ။ ငယ်ငယ်ကတည်းက အရမ်းရူးသွပ်ခဲ့တာ။ ရူးတယ်လို့ပြောလို့ရတယ်။ ဒါပဲ လုပ်နေတာပေါ့။ ကျန်တာတွေ သိပ်စိတ်မဝင်စားဘူး။
► အစ်မတို့ စကန်ချိန်တုန်းက အမျိုးသမီးတွေကို နေရာပေးမှု နည်းတော့ ဘယ်လိုအခက်အခဲ တွေနဲ့ ကြုံရလဲ။
အားလုံးဝိုင်းပြောတာ ခံရတာပေါ့။ မိန်းကလေးတန်မဲ့ ယောက်ျားလေး လုပ်တဲ့အလုပ် လုပ်တယ်ပေါ့။ မသင့်တော်ဘူး။ ပတ်ဝန်းကျင်ဆိုတာတော့ သူတို့ မယုံကြည်ရင်ပြောကြတာပေါ့။ ဘာမှတော့ စိတ်ထဲမရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်ပဲလုပ်တယ်။ ဒီအလုပ်လုပ်နေရ ရင် ပျော်နေတာ။ ကျေနပ်နေတာပဲ။ ဘေးပတ်ဝန်းကျင်ကို သိပ်စိတ်ထဲမှာထည့်မထားပါဘူး။
► ငယ်ငယ်ကတည်းက လေးစားအားကျရတဲ့ ကစားသမားတွေရော ရှိလား။
ငယ်ငယ်က တည်းက အားကျတာတော့ ဆရာဦးသန်းတိုးအောင်ပေါ့။ အခုလည်းကိုယ့်ဆရာပါပဲ။ ပြည်ပကဆိုရင်တော့ ဒိုလေးကန်တာကို သဘောကျတယ်။
► အခုနောက်ပိုင်းမှာ အမျိုးသမီးတွေကို နေရာပေးလာ တဲ့အပေါ်မှာဘယ်လို မြင်လဲ။
အရင်တုန်းကဆို အမျိုးသမီး အသင်းဆို သိပ်အထင်မကြီးကြ ဘူးပေါ့။ အခုလို ကိုယ်တွေအသင်းကို အားပေးတဲ့အပေါ်မှာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ ကိုယ့်ကြိုးစားမှုတွေကို အကောင်အထည်ဖော်နိုင်တာပေါ့။ ကိုယ်လုပ်တာတွေကို စိတ်ဝင်စားတဲ့အတွက် ပိုပြီး ကြိုးစားအားထုတ်ရကျိုးနပ်ပါတယ်။
► အမျိုးသမီးဘောလုံး သမားတစ်ယောက် အနေနဲ့ ရပ်တည်ဖို့ ဘာတွေ အခက်အခဲရှိလဲ။
အလုပ်တိုင်းမှာ အခက်အခဲ ဆိုတာရှိ တာပေါ့နော်။ ဒီအလုပ် ဆိုတာလည်း အစက တအားကြမ်းတမ်းပါတယ်။ ငွေရေးကြေးအရေး ကအစပေါ့။ ကိုယ်ကောင်းကောင်း မကစားနိုင်တဲ့အချိန်ကျရင် စိတ်ညစ်ရတယ်။ ကိုယ့်ကို အားပေးတဲ့အခါကျရင် တော့ ဝမ်းသာပါတယ်။ အခုလို ကိုယ့်ကိုအားပေးလာတဲ့ အခါကျတော့လည်း အဘက်ဘက်ကထိန်းရ ပါတယ်။ အမြဲတမ်း အဆင်သင့် ဖြစ်အောင်တော့ အားလုံးပြင် ဆင်ထားရတယ်။ အတူကန်တဲ့ သူငယ်ချင်းတွေလည်း တစ်ညီတစ်ညွတ်ထဲပါပဲ။
► နိုင်ငံလက်ရွေးစင် အနေနဲ့ကန်ခဲ့တာ ဘယ်နှပွဲလောက် ရှိပြီလဲ။ ကန်ခဲ့တဲ့ပွဲတွေ၊ အစ်မပါဝင်တဲ့ ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုတွေကို ပြောပြပေးပါ။
များတော့ များနေပြီ။ ၆ဝ လောက် ရှိပြီထင်တယ်။ ၂ဝဝ၄ အာဆီယံ ချန်ပီယံရှစ်မှာ တစ်ကြိမ် ပထမ ရခဲ့တယ်။ ၂ဝဝ၇ မှာ တစ်ခါရတယ်။ အာဆီယံ ကတော့ အဲဒီနှစ်ခုပါပဲ။ ဆီးဂိမ်းမှာတော့ ရွှေမရ ဖူးဘူး။ ကြေးနဲ့ငွေလောက်ပဲရတာပါ။ တစ်ဦးချင်း အနေနဲ့တော့နိုင်ငံတကာ ပွဲတွေမှာမရဖူးပါဘူး။ ပြည်တွင်းပွဲတွေမှာတော့ အလယ်တန်း အကောင်းဆုံးဆု နှစ်ခါသုံးခါ လောက် ရဖူးပါတယ်။
► နောက်တက်လာမယ့် မျိုးဆက်သစ် အမျိုးသမီး အားကစားသမားတွေ အတွက် ဘယ်လိုအားပေးစကား ပြောချင်ပါသလဲ။
အခုဆို မိန်းကလေးတွေအားကစားကို စိတ်ဝင်စားလာတယ်လို့တော့ထင်တာပဲ။ တကယ်စိတ်ဝင်စားရင် တကယ်လုပ်ပါ။ အဟုတ် ဖြစ်လာပါလိမ့်မယ်။ ကြိုးစားပြီး စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားရင် တကယ်ဖြစ်ပါတယ်။
► ဘောလုံးကို ဘယ်အချိန်လောက်အထိ ကစားဖို့ မျှော်လင့် ထားလဲ။
ဘာဖြစ်လာမယ် ဆိုတာတော့ ကြိုတင်တွက်ဆလို့မရဘူးလေ။ ကစားသမားဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းမှု ကိုယ်လက်အင်္ဂါ ထိခိုက်တာမျိုး တွေရှိတတ်တယ်လေ။ အဲဒီတော့ပြောလို့မရဘူး။ ကိုယ့်ကိုရွေးချယ် နေသရွေ့ ကျန်းမာနေသရွေ့ အကောင်းဆုံး ကြိုးစားကစား သွားမှာပါ။
► အိမ်ထောင်ရေး အခြေအနေရော ဘယ်လိုရှိလဲဗျ။
အခုနေပြောရင်တော့ ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ သိပ်ပြီးတော့ အဲဒီအကြောင်းကို စိတ်မဝင်စားသေး လို့ပါ။ မစဉ်းစားသေး ပါဘူး။
► အစ်မနဲ့ အတူကန်ခဲ့တဲ့ မဇင်မာဝမ်းတို့ဆို နည်းပြအဖြစ်ပြန်လုပ်နေ ပြီဆိုတော့ အစ်မရော နည်းပြအနေနဲ့ ဒီလောကထဲမှာ ပြန်ရပ်တည် ဖို့ရှိလား။
အခြေအနေ ပေါ်မူတည်ပြီး စဉ်းစားမှာပါ။ အတည်တကျတော့ မဆုံးဖြတ်ရသေးဘူး။ ဝါသနာတော့ ပါပါတယ်။ 

by popular news

No comments:

Post a Comment