သြစတေးလျနိုင်ငံမှ သိပံ္ပပညာရှင်များက အမျိုးသားများအတွက်
ကိုယ်ဝန်တားဆေး ထွက် ပေါ်လာတော့မည် ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ ယင်း
စမ်းသပ်မှုအား Monash University မှ သိပံ္ပပညာရှင်များက
လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က
သုက်ပိုးများ ထိန်းသိမ်းထားသည့်နေရာမှ
သုက်ပို့ပြွန်သို့ ရွေ့လျားမှုအား လေ့လာခဲ့ကြသည်။
ထိုအခါ ၎င်းတို့က သုက်ပိုးများသည် ယင်းကဲ့သို့ ပုံမှန်အတိုင်း
ရွေ့လျားနိုင်ရန်အတွက် ပရိုတင်းနှစ်မျိုး ခန္ဓာကိုယ်မှ ထုတ်ပေး
နိုင်ရန်လိုကြောင်း တွေ့ရသည်။ ထို့ ကြောင့် ကြွက်များတွင် ယင်းပရိုတင်း
(၂)မျိုးအား မထုတ်ရန်တားထားသည့်အခါ ၎င်းကြက်ထီးများသည် သန္ဓေမအောင်တော့ကြောင်း
တွေ့ရသည်။
၎င်းကြက်များသည် သန္ဓေ မအောင်တော့သော်လည်း သာမန်
ကြက်များကဲ့သို့ပင် လိင်ဆက်ဆံနိုင်ပြီး သန္ဓေမအောင်ခြင်းမှာလည်း
ယာယီသာဖြစ်၍ အောင်စေချင်သည့်အချိန်တွင် ပြန်၍ သန္ဓေအောင်စေနိုင်ကြောင်း
တွေ့ခဲ့ရသည်။
အမျိုး သမီးများအတွက် သန္ဓေတားဆေးမှာ ၁၉၆၀ခုနှစ်မှ
စတင်တွေ့ရှိသော်လည်း အမျိုးသားများအတွက် ဆေးများမှာမူ ဆဲလ်များအား
ထာဝရပျက်စီးသွားစေသောကြောင့် မအောင်မြင် ခဲ့ကြသေးပေ။
health update journal

No comments:
Post a Comment