မုံရွာ ၊ ဒီဇင်ဘာ ၁၉ ။ ။ မူးယစ်ဆေးဝါး မှုဖြင့် ရမန်ယူ၍ ချုပ်နှောင်ထား သော
အမျိုးသမီးကြီးတစ်ဦး ဒီဇင်ဘာ ၁၉ရက် နံနက် ၁၁ နာရီခန့်က သွေးတိုးရောဂါ ခံစား
ရသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ကုသစဉ် သေဆုံး
သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့က မုံ ရွာအကျဉ်းဦးစီးဌာန
အကျဉ်း ထောင်တွင် မုံရွာခရိုင်တရားရုံး ၏ အမှုအမှတ် ၁၃/၂၀၁၃ မူး
ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၁၉(က)၂၁ဖြင့်
အချုပ်ရမန် ပေး၍ ချုပ်နှောင်ထားသော အချုပ်သူထောင်ဝင်အမှတ် မရ/၁၃/၀၀၇၀/ခ
မညိုရှိ ၆၀ နှစ် စက်မှုဇုန်ရပ်ကွက် မုံရွာမြို့ နေသူသည် သွေးတိုးရောဂါ ခံ
စားနေရသောကြောင့် မုံရွာ ဆေးရုံကြီးသို့ အရေးပေါ် ပို့ ဆောင်ဆေးကုသခံနေစဉ်
သေ ဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် မုံရွာ
အကျဉ်းထောင်မှ ထောင်မှူး (ဦးစီးအရာရှိ)မောင်ထွေးက တရားလိုပြုလုပ်၍
မုံရွာမြို့မရဲ စခန်းသို့ ဓမ္မတာအတိုင်းသေဆုံး ခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်
ရန်အတွက် တိုင်တန်းရာ သေမှု သေခင်းအမှတ်စဉ် ၂၅/၂၀၁၃ ဖြင့် အမှုရေးဖွင့်
ဆောင်ရွက် ထားကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment