ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း စီစဉ်ခဲ့သော ရန်ကုန်-နေပြည်တော်
အမြန်လမ်းမကြီးပေါ်ရှိ အမြင့်ဆုံး လုံခြုံရေးနှင့်
စောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူးရဲမှူးကြီး နေ၀င်း ဒီဇင်ဘာ ၂၃ ရက်က
ပြောကြားခဲ့သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း
အမြန်လမ်းမကြီးတစ်လျှောက်၌ "ခရီးသွားပြည်သူများ
ပိုမိုလုံခြုံမှုရှိစေရန်အတွက် ကင်းပုန်းဝပ်စောင့်ကြည့်စစ်ဆေးမှုများ
စီမံချက်ဖြင့် အခြေမဲ့နေထိုင်သူများ၊ ညပိုင်း အရက်မူးယစ်နေသူများနှင့်
မောင်းနှင်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို
ခဲဖြင့်ပေါက်နေသူများကိုလည်း စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အတူ စောင့်ရှောက်ရေးလုပ်ငန်းများတွင်လည်း ယာဉ်တိမ်းမှောက်မှုများ၊
ယာဉ်တိုက်မှုများနှင့် ဆက်စပ်မှုခင်းဖြစ်စဉ်များ ဖြစ်ပွားလာပါက
ဆောင်ရွက်ရန်အတွက် လူနာတင်ယာဉ်များ၊ မီးသတ်ယာဉ်များနှင့် ကရိန်းယာဉ်များကို
အရန်သင့်ထားရှိပြီး ရဲတပ်ဖွဲ့အင်အား ၅၀၀ ဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမှူးကြီးနေ၀င်းက"ဆီးဂိမ်းစ်ပြိုင်ပွဲကာလမှာ
ရန်ကုန်-နေပြည်တော်အမြန်လမ်းမမှာ မရှိသလောက်ရှားခဲ့တယ်။ အဲဒါကအခုချထားတဲ့
လုံခြုံရေး၊စောက်ရှောက်ရေးတွေနဲ့ အများကြီးသက်ဆိုင်ခဲ့တယ်။ အဲဒီအတွက်
ဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု ပြောကြားသည်။
ယင်းအပြင် ၂၀၁၄ တွင် မြန်မာနိုင်ငံမှာ အာဆီယံဥက္ကဋ္ဌ ရာထူးနေရာတွင်လည်း
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးမှာ အဓိက လုံခြုံရေးနေရာအဖြစ်
ပါဝင်နေသည့်အတွက်ကြောင့်လည်း လုံခြုံရေးအင်အားနှင့်
စောင့်ရှောက်ရေးလုပ်ငန်းတို့ကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းလည်း ရဲမှူးကြီး နေ၀င်းက ဆက်လက်ပြောကြားသည်။
အမြန်လမ်းရဲတပ်ဖွဲ့အနေဖြင့် အမြန်လမ်းမကြီးပေါ်တွင် တစ်နေ့ ဖြတ်သန်းနေသော
ယာဉ် ၅၀၀၀ ကျော်မှ သုံးပုံတစ်ပုံကို အရှိန်လွန်မောင်းနှင်မူဖြင့်
အရေးယူနေကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်၂၀၀၉ ခုနှစ်
မတ်လမှစ၍ လက်ရှိအချိန်ထိ ယာဉ်မတော်တဆမှု ၅၀၀ နီးပါးဖြစ်ပွားခဲ့ပြီး
သေဆုံးသူမှာ ၃၀၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀၀ ကျော်ထိ ရှိနေသည်။
by eleven
No comments:
Post a Comment