ပဲခူးမြို့ တံတားပေါ်တွင်
တောင်းရမ်းစားသောက်နေရသောတော်လှန်ရေး ရဲဘော်ဟောင်း၊အသက်(၉၃)နှစ်အရွယ်ရှိ
သခင်လှကြိုင်သည် ပဲခူးမြို့ပေါ်ရှိ Facebook
သုံးစွဲသူတစ်ဦးကြောင့်(၆.၁၁.၂၀၁၃)နေ့တွင် တကမ္ဘာ လုံးသိရှိသွားပြီး
ဂရုဏာရှင်များ၏စေတနာနှင့် မြန်မာနိုင်ငံ စစ်မှု့ ထမ်းဟောင်း အဖွဲ့
တို့၏ကောင်းမှု့ တို့ကြောင့် အလှူငွေများ ရရှိခဲ့ပြီး
တောင်းရမ်းစားသောက်ရသည့်ဘ၀မှ လွတ်မြောက်ခဲ့ပါသည်။ သခင်လှကြိုင်သည်
နေထိုင်စရာအိမ်မရှိသဖြင့် ပဲခူးမြို့ အိုးလေးစုရပ်ကွက်
မဇင်းချောင်းနဘေးတွင် တဲထိုးနေထိုင်နေရရှာသောဘ၀မှ ယခုအခါ စေတနာ ရှင် များ
ဝိုင်းဝန်းလှူဒါန်းသော ငွေဖြင့်၎င်းရပ်ကွက် အတွင်း မြေတကွက်ဝယ်ကာ
အိမ်ဆောက်နေနိုင်တော့မည်ဖြစ်ပါသည်။ ပဲခူးမြို့စစ်မှု့ထမ်းဟောင်းအဖွဲ့ မှ
လစဉ် (၂၀၀၀၀ိ/)ထောက်ပံပေးနေပြီး မွေး/ရေ ၀န်ကြီးမှ လစဉ်
(၆၀၀၀၀ိ/)ထောက်ပံပေးသွားမည်ဟု ပြောကြားထားကြောင်း သိရသည်။
No comments:
Post a Comment