Friday, December 13, 2013

ထိုင်း​အ​တိုက်​အ​ခံ​ခေါင်း​ဆောင်​ကို ​လူ​သတ်​မှု​ဖြင့် ​တ​ရား​စွဲ

ထိုင်း​၀န်​ကြီး​ချုပ်​ဟောင်း ​အ​ဘီ​ဆစ် ၀ိ​ချာ​ဂျီဝ​ကို ​ဘန်​ကောက်​ရာ​ဇ၀တ်​ဆိုင်​ရာ ​တ​ရား​ရုံး​က ​လူ​သတ်​မှု​နဲ့ ​ဒီ​နေ့ ​တ​ရား​စွဲ​လိုက်​ပြီး ​အာ​မ​ခံ​နဲ့ ​ပြန်​လွှတ်​ပေး​လိုက်​ပါ​တယ်။ ၂၀၁၀ ​ခု​နှစ် ​ဆ​န္ဒ​ပြ​မှု​တွေ​ကို ​နှိမ်​နင်း​ရာ​မှာ ​လူ​ဒါ​ဇင်​နဲ့​ချီ ​သေ​ဆုံး​ခဲ့ ​အ​မှု​နဲ့ ​ပတ်​သက်​လို့ ​တ​ရား​စွဲ​ခံ​ရ​တာ ​ဖြစ်​ပါ​တယ်။
ဒီ ​အ​မှု​ဟာ ​အ​ဘီ​ဆစ် ​ဦး​ဆောင်​တဲ့ ​အ​တိုက်​အ​ခံ​ပါ​တီ​က ​ကျော​ထောက်​နောက်​ခံ ​ပေး​ထား​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​လက်​ရှိ ၀န်​ကြီး​ချုပ်​ယင်း​လပ်​ကို ​ရာ​ထူး​က​နေ ​နုတ်​ထွက်​ပေး​ဖို့ ​တောင်း​ဆို​နေ​ချိန်​နဲ့ ​တိုက်​ဆိုင်​နေ​ပါ​တယ်။
အ​ဘီ​ဆစ်​က​တော့ ​စွပ်​စွဲ​ချက်​တွေ​ကို ​ငြင်း​ဆန်​လိုက်​ပြီး ​ဒါ​ဟာ ​နိုင်​ငံ​ရေး​သ​ဘော​ပါ​တဲ့ ​စွပ်​စွဲ​ချက် ​ဖြစ်​တယ်​လို့ ​ပြော​ပါ​တယ်။ ​မီ​ဒီ​ယာ​တွေ​ကို​တော့ ​တွေ့​ဆုံ ​ဖြေ​ကြား​ခြင်း ​မ​ရှိ​ပါ​ဘူး​။
အ​ဘီ​ဆစ်​ကို ​ဘတ်​ငွေ ၁ ​ဒဿ​မ ၈ ​သန်း ​အာ​မ​ခံ​နဲ့ ​ပြန်​လွှတ်​လိုက်​တယ်​လို့ ​သူ့ေ​ရှ့​နေ​က ​ပြော​ပါ​တယ်။
လက်​ရှိ ၀န်​ကြီး​ချုပ် ​ယင်း​လပ်​ကို ​အ​စိုး​ရ ​ဆန့်​ကျင်​တဲ့ ​ဆ​န္ဒ​ပြ​သ​မား​တွေ​က ​ရာ​ထူး​က​နေ ​နုတ်​ထွက်​ပေး​ဖို့ ​တောင်း​ဆို​နေ​ပါ​တယ်။
အ​ခု ​နောက်​ဆုံး ​နိုင်​ငံ​ရေး ​ထိပ်​တိုက်​တွေ့​မှု​တွေ​မှာ ​စစ်​တပ်​က ​ပါဝင်​ပတ်​သက်​ခြင်း ​မ​ရှိ​ပါ​ဘူး​။
ထိုင်း​စစ်​တပ်​ဟာ ​လွန်​ခဲ့​တဲ့ ​နှစ်​ပေါင်း ၈၀ ​အ​တွင်း​မှာ ၁၈ ​ကြိမ် ​အာ​ဏာ​သိမ်း​ခဲ့​ပါ​တယ်။ ၂၀၀၈ ​ခု​နှစ်​မှာ ​လက်​ရှိ ၀န်​ကြီး​ချုပ် ​ယင်း​လပ်​ရဲ့​အစ်​ကို ​အ​ရင် ၀န်​ကြီး​ချုပ် ​သက်​ဆင်​ရှင်​နာဝပ်​လက်​ထဲ​က ​အာ​ဏာ​ကို ​သိမ်း​ယူ​ခဲ့​ပါ​တယ်။
၂၀၁၀ ​ဧ​ပြီ​နဲ့ ​မေ​လ​တွေ​မှာ ​သက်​ဆင်​ကို ​ထောက်​ခံ​တဲ့ ​ရှပ်​နီဝတ်​တွေ​က ​ဘန်​ကောက်​မြို့​လယ်​မှာ ​ဆ​န္ဒ​ပြ​ခဲ့​ပြီးေ​ရွး​ကောက်​ပွဲ ​စော​စော​ကျင်း​ပ​ပေး​ဖို့ ​အဲ​ဒီ​အ​ချိန်​က ၀န်​ကြီး​ချုပ် ​အ​ဘီ​ဆစ်​ကို ​ဖိ​အား​ပေး​ခဲ့​ကြ​ပါ​တယ်။
နောက်​ဆုံး​မှာ ​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကို ​စစ်​တပ်​က ​လူ​စု​ခွဲ​ခဲ့​ပြီး ​လူ​ပေါင်း ၉၀ ​ကျော် ​သေ​ဆုံး​ခဲ့​ပါ​တယ်။ ​သေ​ဆုံ​သူ ​အ​များ​စု​ဟာ ​မ​စ္စ​တာ ​သက်​ဆင်​ကို ​ထောက်​ခံ​သူ​တွေ ​ဖြစ်​ပါ​တယ်။

by dvb


No comments:

Post a Comment