Friday, December 13, 2013

ချမ်း​မြ​သာ​စည် ​လေ​ဆိပ် ​အ​ခြေ​ပြု​ပြီး ​လေ​ကြောင်း​ခ​ရီး​စ​ဉ် ​စ​ဆွဲ

မြန်​မာ့​လေ​ကြောင်း​ဟာ ​ခ​ရီး​သည် ၁၂ ​ယောက်​ဆံ့ ​ဆက်​စ​နာ ​လေ​ယာ​ဉ်​ငယ်​လေး​တွေ ​သုံး​ပြီး ​မ​န္တ​လေး ​ချမ်း​မြ​သာ​စည်​လေ​ဆိပ်​ကို ​အ​ခြေ​ပြု​ကာ ​လေ​ကြောင်း​ခ​ရီး​စ​ဉ်​တွေ​ကို ​ဒီ​နေ့​က​စ​ပြီး
ပုံ​မှန် ​ပြေး​ဆွဲ​နေ​ပြီ​လို့ ​မြန်​မာ့​လေ​ကြောင်း ​မ​န္တ​လေး​ရုံး​ခွဲ ​လက်​မှတ်​အ​ရောင်း​ဌာ​န ​တာဝန်​ရှိ​သူ​တ​ဦး​က ​အ​တည်​ပြု ​ပြော​ဆို​ပါ​တယ်။
အ​ပတ်​စ​ဉ် ​တ​န​င်္လာ​က​နေ့​က​နေ ​သော​ကြာ​နေ့​အ​ထိ ​နေ​ပြည်​တော်၊ ​ဗန်း​မော်၊ ​က​လေး​၊ ​လား​ရှိုး​၊ ​ညောင်​ဦး​၊ ​ဟဲ​ဟိုး​နဲ့ ​လွိုင်​ကော်​မြို့​တွေ​ကို ​အ​လျ​ဉ်း​သင့်​သ​လို ​ပြေး​ဆွဲ​သွား​မယ်​လို့ ​သိ​ရ​ပါ​တယ်။
လက်​မှတ်​ခ​က​တော့ ​မ​န္တ​လေး – ​နေ​ပြည်​တော် ​ကျပ် ၄ ​သောင်း ၂ ​ထောင်၊ ​မ​န္တ​လေး​- ​က​လေး​၊ ​မ​န္တ​လေး – ​ဗန်း​မော်၊ ​မ​န္တ​လေး – ​လွိုင်​ကော် ​ကျပ် ၄ ​သောင်း ၉ ​ထောင် ​ဖြစ်​ပြီး ​နိုင်​ငံ​ခြား​သား​ဆို ​ဈေး​နည်း​နည်း ​ပို​ပါ​တယ်။
စ​နေ​နဲ့ ​တ​န​င်္ဂ​နွေ​နေ့​တွေ​မှာ​တော့ ၁၅ ​မိ​နစ် ​အ​ပျော်​စီး​ခ​ရီး​စ​ဉ်​နဲ့ ​စင်း​လုံး​ငှား​တာ​တွေ ​လုပ်​ပေး​သွား​မယ်​လို့ ​ကြေ​ငြာ​ထား​ပါ​တယ်။

by dvb


No comments:

Post a Comment