Saturday, December 21, 2013

ရုရှား ဒုံးလက်နက်တပ်ဆင်မှု 'ကန်' နှင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်

အမေရိကန်ဦးဆောင်သည့် အငြင်းပွား ဖွယ် လေကြောင်းကာကွယ်ရေး အရံ အတားပြုမှုကို
တုံ့ပြန်သောအားဖြင့် နျူကလီးယားထိပ်ဖူးတပ် အစ္စကန်ဒါ ဒုံးလက်နက်များကို ဥရောပသမဂ္ဂ
(အီးယူ) အဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်များနှင့် ပိုမိုနီးစပ်သည့် နေရာများဆီသို့ ရွှေ့ပြောင်းထားပြီး

ဖြစ်ကြောင်း ရုရှား နိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့အပြီး ရုရှား နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနည်းတူ
ပင် စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်အစိုးရက သံယောင်လိုက်ခဲ့သည်။
နည်းပညာသစ်များဖြင့် ပြုလုပ်ထားသည့် ရုရှားဒုံးများသည် မိုင်ပေါင်း ၃၁၀ (သို့) ကီလိုမီတာ
၅၀၀ အထိရောက်ရှိ နိုင်ပြီး နေတိုး၏ ကာကွယ်ရေး အစီအမံသစ်ဖြစ်သော မြေပြင်အခြေစိုက်
ရေဒါ နှင့် ကြားဖြတ်တိုက်လေယာဉ်များကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့က
ရုရှား နိုင်ငံ၏ ကြေညာချက်ကြောင့် အမေရိ ကန်ပြည်ထောင်စုနှင့်အတူ ပိုလန်နိုင်ငံ နှင့် ဘော်လ်
တစ်နိုင်ငံ သုံးနိုင်ငံဖြစ် သော အက်စတိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့က
စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။
ရုရှားနိုင်ငံ၏ ဒုံးလက်နက်ရွှေ့ပြောင်း မှုကို ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း 'စိတ်အနှောင့်
အယှက်ဖြစ် စရာ' ဟူ၍ ခေါ်ဆိုခဲ့သည်။ "ဒါဟာ နေတိုးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပြီး နေတိုးအဆင့်၊ အီးယူ
အဆင့်တွေမှာ ညှိနှိုင်းတိုင်ပင်တာတွေ၊ အရေးယူဆောင် ရွက်တာတွေလုပ်ဖို့ ကျွန်တော်တို့ မျှော်
လင့်နိုင်ပါတယ်" ဟု ၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ဆိုထားသည်။
လတ်ဗီးယား ကာကွယ်ရေးဝန်ကြီး အာတစ်ပါဘရစ်က ဒုံးလက်နက်များရွှေ့ ပြောင်းမှုကြောင့်
ဘော်လ်တစ်မြို့ကြီးများ ခြိမ်းခြောက်ခံထားရသည်ဆို၏။
"ကျွန်တော်တို့ ဒေသကြီးအတွင်းမှာအင်အားချိန်ခွင်လျှာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်း
ခုံကြတဲ့ အထဲမှာ ဒီတစ်ခုကြောင့်လည်း အားလုံး အထိတ်တလန့် ဖြစ်မိကြတယ်ဆိုတာ ရှင်းပါ
တယ်" ဟု ၎င်းက ဆိုသည်။
ရုရှား ကာကွယ်ရေးဌာနမှ အရာရှိ တစ်ဦးက အစ္စကန်ဒါ ဒုံးလက်နက်စင် ကြီးအချို့ကို ရုရှားနိုင်ငံ
၏ အနောက်ပိုင်း စစ်ဒေသတွင် ရွှေ့ပြောင်း အခြေစိုက် ထားကြောင်း ပြောဆိုခဲ့သည်။
"အစ္စကန်ဒါ စစ်ဆင်ရေးနည်းဗျူဟာ ဒုံးလက်နက်စနစ်တွေဟာ အနောက်ပိုင်း စစ်ဒေသရဲ့ ဒုံးလက်
နက်နဲ့ အမြောက် တပ်ဖွဲ့ကြီးရဲ့ အောက်မှာရှိတာပါ။ ဒါ ကြောင့် ရုရှားနိုင်ငံရဲ့ဒီလို ဒုံးလက်နက် တပ်
ဆင်ထားမှုဟာ နိုင်ငံတကာရဲ့ ဘယ်လို သဘောတူညီချက်ကိုမှ ချိုး ဖောက်တာ မဟုတ်ပါဘူး။
ပြီးတော့ အနောက်နိုင်ငံတွေဘက်ကလည်း ဒါကို ကန့်ကွက်နေဖို့ မရှိပါဘူး" ဟု ရုရှား ကာကွယ်
ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် အီဂေါ်ကွန်နာရှန်ကော့ဗ်ကို ကိုးကား၍ ရုရှားသတင်းဌာနများက
လွှင့် ထုတ်ပြောကြားခဲ့သည်။

by myanmar times

No comments:

Post a Comment