မြန်မာနိုင်ငံမှာ စတော့အိပ်ချိန်း ဈေးကွက်တခု
ဖွင့်လှစ်ဖို့အတွက် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းက ဗဟိုဘဏ်
ရုံးချုပ် အဆောက်အအုံကို ရွေးချယ်ခဲ့တယ်လို့
မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။ဒီ အဆောက်အအုံဟာ သမိုင်းဝင် အဆောက်အအုံဖြစ်တာ၊
စတော့အိပ်ချိန်းဖွင့်ဖို့ လိုအပ်တဲ့ အကျယ်အ၀န်းရှိတာ၊
ခေတ်မီ စက်ပစ္စည်းကိရိယာတွေကိုလည်း အဆင်ပြေပြေ
တပ်ဆင်နိုင်တာ၊ ရန်ကုန်ရဲ့ အချက်အချာနေရာမှာ ရှိတာ
စတဲ့အချက်တွေကြောင့် ရွေးချယ်ခဲ့တာလို့ သတင်းမှာ
ဖော်ပြထားပါတယ်။
၂၀၁၅ ခုနှစ်ရောက်ရင် မြန်မာနိုင်ငံမှာ စတော့အိပ်ချိန်း ဈေးကွက်တခု ဖြစ်ပေါ်လာဖို့အတွက် ဂျပန်နိုင်ငံက ဒိုင်ဝါအဖွဲ့နဲ့ တိုကျိုစတော့အိပ်ချိန်း စတဲ့ အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။
စတော့အိပ်ချိန်းတခု ဖွင့်ဖို့ အနည်းဆုံး အများပိုင် ကုမ္ပဏီ ၈၀ လောက် လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့ အများပိုင် ကုမ္ပဏီ ၅ ခု လောက်ပဲ ရှိသေးကြောင်း သိရပါ တယ်။
By ဒီဗွီဘီ

No comments:
Post a Comment