Monday, December 9, 2013

ဧ​ရာဝ​တီ​ဘဏ် ​အင်​တာ​နက် ​ဘဏ်​စ​နစ်​ကို ​စ​တင်​စမ်း​သပ်​နေ​ပြီ



မက်စ် ​ကု​မ္ပ​ဏီ​ပိုင်​ရှင် ​ဦး​ဇော်​ဇော်​ရဲ့ ​ဧ​ရာဝ​တီ​ဘဏ်​ဟာ ​အင်​တာ​နက်​ဘဏ်​စ​နစ်​ကို ​စ​တင် ​စမ်း​သပ်​နေ​ပြီ​လို့ ​ဘဏ်​တာဝန်​ရှိ​သူ​တ​ယောက်​ကို ​ကိုး​ကား​ပြီး ​ဒီ​နေ့​ထုတ် ​အင်​တာ​နက် ​နည်း​ပ​ညာ​ဂျာ​နယ်​မှာ ​ဖော်​ပြ​ပါ​တယ်။
လက်​ရှိ ​ဧ​ရာဝ​တီ​ဘဏ်​မှာ ​အ​ကောင့်​န် ​ဖွင့်​ထား​သူ ​အ​ချင်း​ချင်း ​အွန်​လိုင်း​သုံး​ပြီး
ငွေ​လွှဲ​နိုင်​တဲ့​စ​နစ် ​စမ်း​သပ်​နေ​ပြီး ၂၀၁၄ ​နှစ်​ဆန်း​ပိုင်း​မှာ ​အ​များ​ပြည်​သူ ​အ​သုံး​ပြု​နိုင်​ဖို့ ​ခွင့်​ပြု​ပေး​သွား​မယ်​လို့ ​ဖော်​ပြ​ထား​ပါ​တယ်။
ဧ​ရာဝ​တီ​ရဲ့ ​အင်​တာ​နက်​ဘဏ်​စ​နစ် ​အ​သုံး​ပြု​ခွင့်​ရ​ခဲ့​ရင် ​ဘဏ်​အ​ကောင့် ​ဖွင့်​ထား​သူ​တွေ​ဟာ ​အင်​တာ​နက်​မှာ ​သူ​တို့ ​အ​ကောင့်​ထဲ​က ​ငွေ​လက်​ကျန်​ကို ​စစ်​ဆေး​နိုင်​တာ၊ ​ငွေ​ကြေး ​လွှဲ​ပြောင်း​နိုင်​တာ​နဲ့ ​လက်​ခံ​နိုင်​မယ်​လို့ ​ဆို​ပါ​တယ်။
လက်​ရှိ ​မို​ဘိုင်း​က​နေ ​အ​သုံး​ပြု​နိုင်​တဲ့ ​မို​ဘိုင်း​ဘဏ်​ကင်း​စ​နစ်၊ ​အင်​တာ​နက် ​ဘဏ်​စ​နစ်​တွေ ​အ​သုံး​ပြု​ခွင့်​ရ​ဖို့ ​ပ​ထ​မ​ပု​ဂ္ဂ​လိ​က​ဘဏ်၊ ​သ​မ၀ါ​ယ​မ​ဘဏ်၊ ​အင်း​၀​ဘဏ်၊ ​မြ၀​တီ​ဘဏ်၊ ​ဧ​ရာဝ​တီ​ဘဏ်၊ ​ကျေး​လက်​ဖွံ့​ဖြိုး​ရေး​ဘဏ် ​နဲ့ ​မြန်​မာ​နိုင်​ငံ​သား​များ​ဘဏ်​တွေ​က ​လျှောက်​ထား ​ကြ​ကြောင်း ​သိ​ရ​ပါ​တယ်။

By

No comments:

Post a Comment