မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကန်ပုန်းပန်ဒန်း အဝိုင်းအနီး၌ ဒီဇင်ဘာ ၁၈ ရက်
မနက် 12.42am အချိန်တွင် မြန်မာ အမျီုးသမီး နှစ်ဦးစီးနှင်းလိုက်ပါလာသည့်
နီဆန်း စကိုင်းလိုင်း ကားတစ်စီး မှာမော်တော်ယာဉ် ဘယ်နှင့်ညာ
ယာဉ်ကြောကိုပိုင်းခြားထားသည့် အုတ်တံတိုင်းနှင့်တိုက်မိပြီး
မီးလောင်ကျွမ်းသဖြင့် သေဆုံးသွားကြောင်း New Straits Times သတင်း
အရသိရပါသည်။
ယာဉ်မောင်းသူမှာ အသက် ၄၀ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား
Simon John Hall ဖြစ်ပြီး ၎င်းတို့နှင်အတူဖီလိပိုင် အမျိုးသမီး ၃ဦးလည်း
သေဆုံး သွားပါသည်။
မြန်မာ အမျိုးသမီးနှစ်ဦးမှာ ပီးပီး ၂၀ နှစ် နှင့် အက်စတာဆွီး ၂၆ နှစ်ဖြစ်ပါသည်။
ပူဒူးနှင့်
ဟန်တွာ့ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁၃ ဖြင့် တစ်နာရီခန့်
ငြိမ်းသတ်လိုက်ရကြောင်း ၊ သေဆုံးသူများ၏ အလာင်းများမှာ ခွဲခြား
မရနိုင်သည်အထိ လောင်ကျွမ်းသည်ဟု မီးသတ်ဦးစီးဌာနမှ Deputy Superintendent
Abdullah Roning ကပြောကြားပါသည်။
chinlandguardian
သတင်းတွင်ဖော်ပြချက် အရ သေဆုံးသွားသူ မြန်မာ အမျိုးသမီး နှစ်ဦး မှာ ညစာ
စားသောက်ရန် ဖိတ်ကြားခံရပြီး အိမ်သို့မရောက်နိုင်သဖြင့် သူငယ်ချင်း ဖြစ်သူ
Sonera Tinpar ကဖုန်းအကြီမ်ပေါင်းများစွာ ခေါ်ဆိုသည့်နောက် ရဲတပ်သားတစ်ဦးက
ဖုန်းကိုင်ကာဆေးရုံသို့လိုက်လာရန် အကြောင်းကြားသည်ဟု ဆိုပါသည်။
သေဆုံးသည်
အက်စတာဆွီးမှာ ၂၀၁၃ ခရစ်မတ်ရက်အတွင်း တတိယနိုင်ငံ
ထွက်ခွါမည့်ရက်ကိုစောင့်ဆိုင်နေသူဖြစ်သည်ဟုလည်း chinlandguardian သတင်းတွင်
ဖော်ပြထားသည်။
Malaysia News
Admin
Thu Tatuam
Free Online Radio Media (Malaysia)

No comments:
Post a Comment