မန္တလေး၊ ဒီဇင်ဘာ ၂၇
မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းမှ
ကုန်တွဲယာဉ်တစ်စီး ပေါင် ၂၀၀ ဂက်စ်အိုး နှစ်လုံးပေါက်ကွဲရာမှာ
အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်
အမျိုးသားသုံးဦးဒဏ်ရာရှိခဲ့ကြောင်း ကနဦး ရဲစစ်ချက်များအရသိသည်။
ယနေ့နံနက်
၉နာရီခန့်အချိန်တွင် ရတနာပုံသဘောင်္ကျင်းတွင် ဧရာဝတီတိုင်း စက္ကောမြို့မှ
စီမံကိန်းတစ်ခုသို့ ပို့ဆောင်ရန် ကျောက် ၁၈၆ကျင်းတင်ထားသော ကုန်တွဲယာဉ်မှာ
ထွက်ခွာကာနီးတွင် ကျောက်ဆူးကြိုးအား ဂရေဆော်ရာမှ
ဂက်စ်အိုးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါဂက်စ်အိုးနှစ်လုံးပေါက်ကွဲရခြင်းမှာ
အဆိုကုန်တွဲမှာ အခင်းမဖြစ်ပွားမီ ယခင်ရက်က အောက်တိန်းဆီ
ဂါလံခြောက်သိန်းတင်ဆောင်လာကာ မန္တလေးဆိပ်ကမ်းသို့ချအပြီး ကျောက်တင်ဆောင်ကာ
ထွက်ခွာစဉ် ဂဟေဆော်ရာ၌ ကုန်တွဲမှာ အလုံပိတ်ဖြစ်သောကြောင့်
အောက်တိန်းအငွေ့များခိုအောင်းနေပြီး မီးထတောက်ကာ ဂစ်အိုး
သို့ကူးစက်သွားခဲ့ပြီး ပေါက်ကွဲခြင်းဟု ယူဆရကြောင်း
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်း မှ ပြောသည်။
"အောက်တိန်းတွေသာ မချရသေးရင် မတွေးဝံ့စရာပဲ"ဟု ရဲမှူးကြီးက ပြောသည်။
အဆိုပါကုန်တွဲယာဉ်မှာ
အလျားပေ ၂၀၀၊ အနံ ၄၅ပေ၊ အမြင့် ၁၀ပေရှိပြီး အလုံးပိတ်အမိုးပါရှိသည်။
ပေါက်ကွဲအားမှာပြင်းထန်သောကြောင့် အပေါ်အမိုးပွင့်ထွက်သွားခဲ့ပြီး
ကမ်းပေါ်ရှိ အမျိုးသမီးတစ်ဦးပေါ်သို့ ပြုတ်ကျ ခဲ့ ၍ အဆိုပါအမျိုးသမီးမှာ
၎င်းဒဏ်ရာဖြင့်ပင်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကနဦးအတည်မပြုနိုင်သည့်သတင်းများအရ
မီးလောင်ပေါက်ကွဲသွားသည့် ကုန်တွဲယာဉ်တွင် လုပ်ကိုင်နေသည့် လုပ်သား
၂၀ခန့်ရှိကြောင်း အမျိုးသားသုံးဦး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး
အမျိုးသမီးတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
"ကုန်တွဲမန်နေဂျာကပျောက်နေတယ်။
ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ သူလာမှာ လူစာရင်းအတည် ပြုနိုင်မယ်။
အောက်ထဲမှာကျန်နေသေးလား။ မကျန်ဘူးလားဆိုတာ အတည်မပြုနိုင်ဘူး။
ဘာလို့လဲဆိုတော့ အခုချိန်အားလုံးက ကမ်းပေါ်တက်လည်နေကြတဲ့လူတွေလည်းရှိတယ်။
သဘောင်္ထဲမှာတော့ အကုန်မရှိနိုင်ဘူး " ဟု ဒုတိယရဲမှူးကြီး က ပြောသည်။
ပေါက်
ကွဲခဲ့သည့် ကုန်တွဲအနီးသဘောင်္မှ သဲစုပ်လုပ်သား ကိုမောင်ဝင်းက
"ပေါက်ကွဲတာကြီးက လန့်စရာကြီး။ ကျွန်တော့်ဘ၀မှာတစ်ခါမှမကြုံဘူးဘူး။
မြေကြီးကို တုန်ခါသွားတာပဲ။ ပစ္စည်းဝယ်ဖို့ကမ်းပေါ် အတက်
ကမ်းပေါ်ကနေလှမ်းမြင်လိုက်တယ်။ အမိုးကြီးကမြှောက်တက်ပြီး
ကမ်းပေါ်ကိုကျသွားတယ် " ဟု ပြောသည်။
Popular Myanmar

No comments:
Post a Comment