ကမ္ဘာ့ပြိုင်ကားမောင်း ချန်ပီယံဟောင်း ဂျာမန်နိုင်ငံသားMichael Schumacher
မိုက်ကယ်ရှူးမက်ကာ ဟာ ပြင်သစ်က ရေခဲတောင်တွေပေါ်မှာ နှင်းလျှောစီးရင်း
ခေါင်းမှာ ဒဏ်ရာရခဲ့ပြီး အခြေအနေ ဆိုးရွားတာကြောင့် ဆေးရုံမှာ ကုသမှု
ခံယူနေရပါတယ်။
သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတယောက်လည်းဖြစ် ၊
ပြင်သစ်က ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ထိပ်တန်း ဆရာဝန် တယောက်ဟာ သူ့ကို
ဆေးကုသမှု ပေးနေတဲ့ ဂရက်နိုဗယ်လ် က ဆေးရုံဆီကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ရှုးမက်ကာကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်လာတုန်းက သူဟာ သတိရှိနေတယ်လို့ ဒေသန္တရ ခရီးသွားလာရေး ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
မာရီဘဲလ်
အရပ်နားမှာ နှင်းလျောစီးတုန်း သူလဲကျသွားပြီး ခေါင်းကို ကျောက်တုံးနဲ့
ဆောင့်မိသွားခဲ့တာ ဖြစ်ပေမယ့် အခင်းဖြစ်တဲ့ အချိန်မှာ အမာစား ခေါင်းဆောင်း
ဦးထုပ် helmet ဆောင်းထားတယ်လို့ သိရပါတယ်။
ရှုးမက်ကာဟာ အသက် ၄၄ နှစ်
ရှိပြီး ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ခုနှစ်ကြိမ်
တိုင်တိုင် ဆွတ်ခူးခဲ့တဲ့သူ ဖြစ်ပါတယ်။
by bbc

No comments:
Post a Comment