တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ခရိုင်ထဲမှာ ရှိတဲ့ ဗျောက်အိုး ထုတ်လုပ်တဲ့
အလုပ်ရုံ စနေနေ့က ပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၆ ယောက် သေဆုံးသွားတယ်လို့
ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
တရားမ၀င်ဖွင့်ထားတဲ့ ဗျောက်အိုး အလုပ်ရုံမှာ မနက် ၇ နာရီ ၀န်းကျင်လောက်မှာ ပေါက်ကွဲမှု ဖြစ်တာပါ။
အလုပ်ရုံ အလုပ်သမားတွေလို့ ယူဆရတဲ့ ရွာသား ငါးယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသ အာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးအနားက အိမ်တလုံးလည်း ပျက်စီးသွားပြီး အိမ်ထဲမှာ
အဘိုးအိုတယောက်လည်း သေဆုံးသွားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလုပ်ရုံပိုင်ရှင်ကို ဖမ်းဆီးထားတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။
by dvb

No comments:
Post a Comment