လူမှုဘ၀ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူရာတွင် တစ်နေ့ လုပ်ခ၀င်ငွေကျပ် (၇၀၀၀) ရရှိမှ သာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။
အဆိုပါစစ်တမ်းကောက်ယူ ရာတွင် မိသားစုဝင်သုံးဦးတစ်လ ကုန်ကျစရိတ်ကိုလက်ရှိကုန်ဈေး ပေါ်အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း တွက်ချက်ရာတွင် ရန်ကုန်တိုင်းဒေသအတွင်းရှိမြို့နယ် များအပါဝင်မြန်မာနိုင်ငံတစ်ဝန်း ရှိမြို့နယ် (၄၆) မြို့နယ်၌တစ်မြို့ နယ်လျှင် အိမ်ထောင်စုငါးစုနှုန်း ဖြင့် စစ်တမ်းကောက်ယူပြီးအခြေခံ လစာနှုန်းများဖြင့် နှိုင်းယှဉ်တွက် ချက်ထားကြောင်း၊ ၎င်းတွက်ချက် မှုထဲတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစရိတ်များနှင့် အတူ အခြားအထွေထွေကုန်ကျစရိတ်များ ကို တွက်ချက်ထားသောကြောင့် လုပ်သားတစ်ဦးသည့်တစ်လလျှင် အနည်းဆုံးငွေကျပ် (၁၈၂၉၁၀) ကျပ်လိုအပ်ကြောင်း ၎င်းကဆို သည်။
“အလုပ်သမားတစ်ဦးကတစ်နေ့ ကို ကျပ် (၇၀၀၀) လောက်ရမှ အဆင်ပြေတဲ့အတွက်တောင်းဆို တာပါ။ အလုပ်ရှင်ကပေးနိုင်မယ့် နှုန်းနဲ့ ညှိနှိုင်းရမှာပေါ့။ အခြေခံ လစာနည်းပါးမှုတွေကြောင့်နောက် ဆက်တွဲမှာ လာဘ်ဘေးလာဘ်ယူမှု တွေနဲ့ ဆိုးဝါးတဲ့ပြဿနာတွေဖြစ် လာနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦး စလုံးအဆင်ပြေမယ့်အနည်းဆုံး လစာတွေရအောင်ညှိနှိုင်းသွားမှာ ပါ”ဟု မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှဒေါက်တာ စိုင်းခိုင် မျိုးထွန်းကပြောသည်။
အဆိုစစ်တမ်းကို န၀မအကြိမ် ကျင်းပမည့်ပြည်သူလွှတ်တော် အစည်းအဝေးတွင် အနိမ့်ဆုံးလ စာသတ်မှတ်ရေးအတွက်ဆွေးနွေး ရန်မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ် (ယာယီ) ကတင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
by hot news
No comments:
Post a Comment