Monday, December 30, 2013

NLD ရပ်/ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊မဇ္ဈိမ။      ။NLD ပါတီမှာ ရပ်/ကျေးအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့မှုတစ်ခု မှော်ဘီမြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ NLDအဖွဲ့ဝင်မှာ လက်တွန်းလှည်း တွန်းပြီး လမ်းလျှောက်နေစဉ်အတွင်း အင်စိန်မြို့နယ်မှ ယာဉ်မောင်းဖြစ်သူ စိုင်းခမ်းပန်(ခ)အိုက်ပန် (၂၉)နှစ်မောင်းနှင်လာသည့် စူပါကာစတန်ခဲရောင် (ကိုယ်ပိုင်)ယာဉ်က မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု ရဲဘော်ဈေးမှတ်တိုင်အနီး မိုင်တိုင်အမှတ် ၂၅/၃ နှစ် ၂၅/၄ အကြားအရောက်တွင် နောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ NLD ပါတီဝင်မှာ ဦးစိန်မြင့် (ခ)ဦးဇော်ကြီး (၄၇)နှစ်ပြီးပြီး (သန္ဓေပင်ကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရပ်/ကျေး အလုပ်မှုဆောင် (အဖွဲ့ဝင်)တစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
၎င်းသည် ယာဉ်တိုက်ခံရမှုကြောင့် နဖူးယာဘက်ပေါက်ပြဲ၊ ဝဲခြေသလုံးရိုးကျိုးကြေပေါက်ပြဲ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့သည့် စူပါကာစတန်ယာဉ်မှာလည်း လမ်းယာဘက်ဘေးရှိ သစ်ပင်အား ထပ်မံဝင်ရောက်တိုက်မိသဖြင့် ယာဉ်ပျက်စီးကာ ယာဉ်မောင်း စိုင်းခမ်းပန်(ခ)အိုက်ပန်မှာ ယာဂျိုစောင်းပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်။
ထို့ပြင် အဆိုပါ ယာဉ်မောင်းကို မော်တော်ယာဉ် မဆင်မခြင်မောင်းနှင်မှုဖြင့် မှော်ဘီရဲစခန်းက ယာဉ် (ပ)၈၁/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၂၇၉/၃၀၄-က/၃၃၇ တို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးနေသည်။

by mizzima

No comments:

Post a Comment