တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့က ဒီဇင်ဘာ ၁၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့သည် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ UNFPA၊ လ၀ကအရာရှိများနှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်အပြီး ကြေညာချက် ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဒေသသုံးဘာသာစကား အခက်အခဲများ၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးသတ်မှတ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးရန် လိုလားခြင်းဖြစ်ပြီး အစိုးရအနေဖြင့်လည်း တိုင်းရင်းသားလူမျိုး စာရင်းအချက်အလက်များ ကောက်ယူထာခြင်းနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
"သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြတာမရှင်းပြတာထက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့က ဆွေးနွေးပွဲ အကြီးကြီးလုပ်ဖို့ မျှော်လင့်တယ်။ ဒီလိုအပေါ်ကနေ ဆင်းလာပြီးတော့ ငါတို့က ဒီလိုလုပ်တယ် ဆိုတာကို ကျွန်တော်တို့က လက်မခံဘူး။ ဒါပေမဲ့ဒီဟာကို ကျွန်တော်တို့အခြေခံ အချက်အလက် ယူတာကိုတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်" ဟု ဦးဇိုဇမ်ကဆိုသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများအနေဖြင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အပါအ၀င် သက်ဆိုင်သူအားလုံး တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူသည့် အချိန်တွင် မိမိတို့၏ လူမျိုးအမည်မှန်ကို တိကျစွာဖြည့်သွင်း ဖော်ပြကြရန် တိုက်တွန်းထားသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ်မတ်လမှ စတင်ကာကောက်ခံ သွားမည်ဖြစ်ပြီး ယခင် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ကောက်ယူခဲ့ကြောင်း သိရသည်။
by eleven
No comments:
Post a Comment