Saturday, December 7, 2013

မျက်နှာပြင် နှစ်ဖက်လုံး သုံးလို့ရတဲ့ Yota smartphone ( dual-screen )

ထူးခြားသော dual မျက်နှာပြင်နှင့် Yota smartphone ကို မော်စကိုမြို့မှာ စတင် ရောင်းချလိုက်ပါပြီ။ မျက်နှာပြင်ကတော့ ၄.၃ လက်မ LCD နှင့် ၄.၃ လက်မ E Ink ဖြစ်ပါတယ်။ ဒီနှစ်အတွက် ပထမဆုံး ထူးခြားသော ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။မျက်နှာပြင် နှစ်ဖက်လုံး သုံးလို့ရတဲ့ Yota smartphone ( dual-screen )

ဖုန်းနောက်ဖက်တွင် အင်တာနက်၊ ပြဿဒိန်၊ အချိန်နှင့် နေ့စွဲ ၊ မက်ဆေ့ စသည့်တို့ကို ပြပေးတယ်လို့ ဆိုပါတယ်။ ပုံတွင်တွေ့နိုင် ပါတယ်။ ရှေ့ကင်မရာ အနေနဲ့ကတော့ 1-megapixel ဖြစ်ပြီး နောက်ကင်မရာ 13-megapixel ဖြစ်ပါတယ်။ ထို့ပြင် ၎င်းဖုန်း၏ ထူးခြားချက်က ဘတ္တရီ ကုန်သွားရင်တောင် မြေပုံ၊ ဖုန်းကွန်တက်၊ သတင်းအချက်အလက် စသည့်တို့ကို ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မျက်နှာပြင် နှစ်ဖက်သုံးလို့ ရတယ်ဆိုပေမယ့် ဘတ္တရီမစားပါဘူး။ ဘတ္တရီကတော့ 1800mAh ဖြစ်ပါတယ်။ ထို့ပြင် Android ဗားရှင်းကတော့ 4.2.2 ဖြစ်ပါတယ်။ RAM ကတော့ 2GB ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ ယူရို ၄၁၃ ဖြစ်ပါတယ်။ UK မှာတော့ ဇန်နဝါရီလမှာ စတင်ရောင်းချမှာ ဖြစ်တယ်လို့ဆိုပါတယ်။ 

No comments:

Post a Comment