Saturday, December 7, 2013

တယ်လီနော အောက်ခြေဝန်ထမ်း ၂၀၀ ဒီဇင်ဘာလကုန် ခန့်မည်

တယ်လီနော မြန်မာက ခန့်အပ်ရန် ရည်ရွယ် ထားသော အောက်ခြေဝန်ထမ်း (Entry Level) ၁၀၀၀ အနက် ၂၀၀ ကျော်ကို ဒီဇင်ဘာလကုန်တွင် စတင်ခန့် အပ်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ဝန်ထမ်းရေးရာ အရာရှိချုပ် Ms.Tipayarat Kaewsringarm က The Voice သို့ ပြောကြားသည်။တယ်လီနော အောက်ခြေဝန်ထမ်း ၂၀၀ ဒီဇင်ဘာလကုန် ခန့်မည်

နောက်ပိုင်းတွင် လအပိုင်း အခြား အလိုက် ၂၀၁၄ ခုနှစ် နှစ်ကုန်အထိ Entry Level ဝန်ထမ်းများ ၁၀၀၀ ကျော် ဆက်လက် ခန့်ထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဆက်သွယ်ရေး လိုင်စင် နောက်ကျနေတဲ့ ကိစ္စကြောင့်လည်း ဝန်ထမ်း ခေါ်ယူမှုမှာ အနှောင့်အယှက် မဖြစ်ပါဘူး။ အချိန် အနည်းငယ်နဲ့တော့ အင်တာဗျူးဖို့၊ ခန့်ထားဖို့က ခက်ခဲပါတယ်။
အင်ဂျင်နီယာလို နေရာတွေက အတွေ့အကြုံနဲ့ အရည်အချင်းတွေ လိုအပ်နေတဲ့ အတွက် အချိန်နည်းနည်းတော့ ယူရပါမယ်” ဟု ၎င်းကဆိုသည်။ ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ယခင်ကတည်းက အွန်လိုင်းမှ အလုပ်လျှောက်ထားသူများအနက် ရွေးချယ် ခံထားရသူ ၁၀၀၀ ကျော်ကို အင်တာဗျူး ပြုလုပ်၍ ဝန်ထမ်း ခန့်အပ်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

No comments:

Post a Comment