Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် ယခုလက်ရှိ၌ Most Beautiful Girl Of
The Years ၏ နောက်ဆုံးအဆင့် ရွေးချယ်ခြင်းခံရသည့် ခြောက် ယောက်မြောက်တွင်
ထပ်မံပါဝင်လာခဲ့သည်။ ယင်းသည် ယခုလိုထပ်မံပါဝင်လာခဲ့သော်လည်း ယင်းဆုကို
ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း Miss Golden Land Myanmar Organization မှ
ဒါရိုက်တာ ကိုဝေယံအောင်က ပြောသည်။
Most Beautiful Girl Of The Years အဖြစ် အယောက် ၁၀၀ ကို
စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မှ ခင်ဝင့်ဝါနှင့်
မိုးစက်ဝိုင်တို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့သည် အယောက် ၁၀၀ မှ ၂၅
ယောက် ထပ်မံ ရွေးချယ်မှုတွင် မြန်မာနိုင်ငံမှ ထပ်မံပါဝင်ခဲ့ကြခြင်းဖြစ်သည်။
၎င်းအပြင် နောက်ထပ် ၁၂ ယောက် ရွေး ချယ်ရာတွင်လည်း မိုးစက်ဝိုင်က people Choice
ဖြင့် ထပ်မံ ပါဝင်ခဲ့ပြီး ခင်ဝင့်ဝါသည်လည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအလှမယ်များကို ရွေးချယ်ရာတွင် နိုင်ငံတကာအလှမယ်ပေါင်း ၇၀၀
ကျော်အနက်မှ အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး နောက်ဆုံးဆန်ခါတင် ခြောက်ယောက်
ရွေးချယ်ရာတွင် ခင်ဝင့်ဝါက ထပ်မံပါဝင်ခဲ့ခြင်း ဖြစ် သည်။
“အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ Organization က မွေးထုတ်ပေးတဲ့ Miss
တစ်ယောက်က ၀က်ဘ် ဆိုဒ်ကပြိုင်ပွဲတွေ ရွေးချယ်တဲ့အထဲမှာ ပါဝင်တဲ့အတွက်
ဝမ်းသာပါတယ်။ အဓိက,ကတော့ ပရိသတ်ရဲ့ အားပေးမှုကြောင့်ပါပဲ” ဟု Miss Golden
Land Myanmar Organization မှ ဒါရိုက်တာ ကိုဝေယံအောင် က ပြောသည်။
Most Beautiful Girl Of The Years ၏ နောက်ဆုံးဆန်ခါတင် ခြောက်ယောက်
ရွေးချယ်သည့်အဆင့် သတ်မှတ်ချက်တွင် ခင်ဝင့်ဝါ ပါဝင်ခဲ့သော်လည်း Most
Beautiful Girl Of The Years ဆုကို ဗင်နီဇွဲလား နိုင်ငံမှ
ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် ကမ္ဘာ့နာမည်အကြီးဆုံးအလှ မယ်ဝက်ဘ်ဆိုဒ်ဖြစ်သည့် Global Beauties
Website ကြီးက ချီးမြှင့်မည့် Miss Grand Slam 2013 Top-82 စာရင်းတွင်လည်း
ခင်ဝင့်ဝါသည် ထပ်မံပါဝင်နေပြီး ထပ်မံ ရွေးချယ်မည့် ဆန်ခါတင် အယောက် ၂၀ ကို
ဇန်န၀ါရီ ဒုတိယအပတ်တွင် ကြေညာပေးမည် ဖြစ်သည်။
ယင်းအပြင်The Ideal Beauty Websiteက ပြုလုပ်သည့်Most Beautiful Queen of
2013 Top-80 မှTop-30ထပ်မံရွေးချယ်သည့်အခါတွင်လည်း ခင်ဝင့်ဝါ
ပါဝင်ခဲ့ပြန်သည်။ ခင်ဝင့်ဝါသည်Miss World၊ Miss Universe၊ Miss
Supranational၊ Miss Earth၊ Miss International၊ Miss Grand International
2013 စသည့်အလှမယ်ပြိုင်ပွဲကြီးများ အားလုံး၏The Most Beautiful
Womanအချောလှဆုံးအလှမယ် ရွေးချယ်သည့် ဆန်ခါတင်အဆင့်များတွင် ပါဝင်ခဲ့သည်။
by mizzima

No comments:
Post a Comment