အခု ဇန်န၀ါရီလအတွက် ဆက်သွယ်ရေးက ဖြန့်ဖြူးရောင်းချပေးမယ့် ၁၅၀၀ တန်
မိုဘိုင်းဖုန်း ဆင်းကတ် ၃ သိန်းခွဲထဲက ပင်စင်စား အယောက် ၅ သောင်းကို တယောက်
၁ ကတ်စီ ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
ထုတ်ပြန်ကြေငြာပါတယ်။
စာရင်း ထုတ်ပြန်ချက်တွေအရ ပင်စင်စား အများဆုံး နေထိုင်တဲ့
ရန်ကုန်တိုင်းက ပင်စင်စား အယောက် ၁၅၀၀၀ ဆင်းကတ် ၀ယ်နိုင်မှာ ဖြစ်ပြီး
ကယားပြည်နယ်မှာတော့ ပင်စင်စား အယောက် ၄၀၀ ပဲ ဆင်းကတ် ၀ယ်နိုင်မှာ
ဖြစ်ပါတယ်။
မိုဘိုင်းဖုန်း ဆင်းကတ် တန်ဖိုးဟာ အစိုးရဈေး ၁ ကတ်ကို ကျပ် ၁၅၀၀
ဖြစ်ပေမယ့် ပြင်ပ ပေါက်ဈေးမှာ ကျပ်ငွေ ၁ သိန်းဝန်းကျင် ရှိတာမို့
မဲပေါက်တဲ့ ပင်စင်စားတွေကို တနည်းတဖုံ ငွေကြေး ထောက်ပံ့ပေးတဲ့ သဘောလည်း
ဖြစ်နိုင်တယ်လို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်တဲ့ ပင်စင်စား
ဦးကျော်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
DVB

No comments:
Post a Comment