လက်ရှိ တပ်ဆင် အသုံးပြုနေတဲ့ ကြိုးဖုန်းတွေရဲ့ ကြွေးကျန် စုစုပေါင်းဟာ
ကျပ်ငွေ ၄ ဘီလီယံလောက် ရှိနေတာမို့ ကြိုတင်ငွေဖြည့်ကတ် စနစ် တဖြည်းဖြည်း
ကျင့်သုံးသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း
ထုတ်ပြန်ပါတယ်။ လောလောဆယ် ကြိုးဖုန်း ကြိုတင်ငွေဖြည့်စနစ်ကို ရန်ကုန် နယ်မြေ ၄ ခုမှာ
ဆောင်ရွက်ပေးနိုင်ပြီး နောက်ပိုင်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
ကြိုးဖုန်း ကြိုတင်ငွေဖြည့်ကဒ်စနစ်ဆိုတာ လက်ရှိ မိုဘိုင်းဖုန်းတွေမှာ
အသုံးပြုသလို ငွေဖြည့်ကဒ် တခုထဲက ကုတ်နံပါတ်ကို ရိုက်ထည့်ပြီး ကြိုတင်
ငွေဖြည့်သွင်း သုံးစွဲရတဲ့စနစ် ဖြစ်ပါတယ်။
ဒီ စနစ်ကို မိုဘိုင်းဖုန်း အားလုံးနီးပါးလောက်မှာ အသုံးပြုနိုင်ပေမယ့်
ကြိုးဖုန်းတွေမှာ အသုံးမပြုနိုင်သေးတဲ့အတွက် ခုလို ကြွေးကျန်
အလွန်များနေရတာ ဖြစ်ကြောင်း သိရပါတယ်။
DVB

No comments:
Post a Comment