ဆိုင်ကယ်ခိုး ယူရာတွင်ပါဝင်သူ တစ်ဦး သုံးထပ်တိုက်ပေါ်မှ ခုန်ချသော်လည်း
အသက်သေဆုံးမှု မရှိ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊
ဗောဓိကုန်းဘုရားဝင်းအတွင်း ဆိုင်ကယ် တစ်စီးပျောက် ဆုံးသွားကြောင်း
သတင်းရရှိသဖြင့် တရားခံအား ဖမ်းဆီးရမိရေး အသွင် ယူဆောင်ရွက်ရာတွင်
ကျူးလွန်ထားကြောင်း သတင်းရရှိသူ ကို-----၁၉နှစ်၊ ဂေါဝိန်၊ စိန်ပန်းရပ်နှင့်
တစ်ရပ်ကွက် ထဲနေ ကို----(၂၃)နှစ်မှာ Dayang 125 ဆိုင်ကယ်အား သော့မပါဘဲ
ဗောဓိကုန်းဘုရား အနောက်ဘက် ပေါက်သို့ တွန်းလာခဲ့ပြီး နှစ်ဦးသား
စီးနှင်းမောင်းထွက်သွားကြောင်း သတင်းရရှိသဖြင့် အမှုစစ်ဆေးရန် အနောက်မှ
လိုက်ခဲ့ကြောင်း ထို့နောက် ဆိုင်ကယ်မောင်းနှင် သူတစ်ဦးသာ တွေ့ရှိရ်ျ
မေးမြန်းရာ ဗောဓိကုန်း ဘုရားဝန်းအတွင်းမှ ခိုးယူကြောင်းဝန်ခံခဲ့ကြောင်း၊
ဆိုင်ကယ်မောင်းနှင်းသအားစစ်ဆေးနေစဉ် ၈၁လမ်း၊ ၂၈-၂၉လမ်းကြားတွင် နေအိမ်
သုံးထပ် တိုက်ပေါ်မှ အမျိုးသားတစ်ဦးခုန်ချကြောင်း သတင်းရရှိသဖြင့်
သွားရောက်စစ်ဆေးရာ ဘုရားဝန်းအတွင်းမှ ဆိုင် ကယ်ခိုးယူခဲ့သူ နှစ်ဦးအနက်
တစ်ဦးဖြစ်နေကြာင်း စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါခုန်ချသူမှ အသက်မသေဘဲ ရင်ဘက်/ကျောအောင့်၊ ယာလက်/ဒူးနာ
ဒဏ်ရာများရရှိရ်ျ မန္တလေးဆေးရုံးကြီးသို့ ပို့ဆောင်ကုသလျှက်ရှိပြီး
အဆိုပါတရားခံနှစ်ဦးအား မဟာအောင်မြေမြို့နယ်ရဲစခန်းမှ (ပ)၂၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၇၉/၅၄အရအမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ဖိုးလပြည့်
Popular Myanmar News Journal
No comments:
Post a Comment