သုံးနှစ်နဲ့အထက် သန္ဓေတားဆေးကတ် ocpills ကို သောက်သုံးရတဲ့
အမျိုးသမီးတွေဟာ အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ
နှစ်ဆမြင့်တက်နိုင်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။
ဒါဟာ
မိသားစုအစီအစဉ် ဆွဲဖို့ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေအပေါ် သန်းပေါင်း
၆၀နီးပါးကို ခြိမ်းခြောက်နေတဲ့ မျက်လုံးကွယ်နိုင်ခြင်းက
ထိုးနှက်မှုတစ်ခုလို့လည်း သိရပါတယ်။
ကယ်လီဖိုးနီးယား တက္ကသိုလ်၊ Duke ဆေးတက္ကသိုလ်နဲ့ တရုတ်နိုင်ငံမှ Nanchang
University တို့မှ သုတေသီတွေက ပူးပေါင်းလေ့လာ ခဲ့ပြီး
ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ CDC ရဲ့ ၂၀၀၅ခုနှစ်မှ၂၀၁၀ခုနှစ်အတွင်း
အမေရိကန်အမျိုးသမီး ၃၄၀၆ ဦးထံမှရရှိတဲ့ ကျန်းမာရေးစစ်တမ်းတွေကို
အခြေခံခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအမျိုးသမီးတွေဟာ မျိုးဆက်ပွား
ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ဖြေဆိုခဲ့ရပြီး မျက်စိကျန်းမာရေး
စစ်ဆေးမှုတွေကို လည်း ခံယူခဲ့ကြပါတယ်။
တွေ့ရှိရတဲ့ အချက်ကတော့ သုံးနှစ်အထက် ocpills သောက်သုံးရတဲ့
အမျိုးသမီးတွေဟာ သာမန်ထက် အတွင်းတိမ်ရောဂါ ဖြစ်ပွားနိုင်ချေ ၂ ဆ
မြင့်တက်နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ရလဒ်များအရ သန္ဓေတားဆေးကတ်ရဲ့
အတွင်းတိမ် ဖြစ်ပေါ်စေတဲ့အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေမယ့် ကာလ
ကြာရှည် သုံးစွဲမှုဟာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းခံ risk factor
ဖြစ်တယ်ဆိုတာကိုတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Health Updates Journal

No comments:
Post a Comment