မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်းရှိ ပေါ်တော်မူစေတီတော်၌ ယာယီ
အပူဇော်ခံထားလျက်ရှိသော ဗုဒ္ဓဆင်းတု တော်မှဆံတော်များ ပေါ်ထွန်းလာပြီး
ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီ က ယာဘက် မျက်လုံးတော်
ထပ်မံပွင့်တော်မူခဲ့ကြောင်း သတင်းအရ စံတော်ချိန်မှ သွား ရောက်ဖူးမြော်
မှတ်တမ်းတင်ခဲ့သည်။အဆိုပါ ယာဘက်မျက်လုံးတော် ပွင့်တော်မူခဲ့သော
ဗုဒ္ဓဆင်းတုတော်မှာ ဥာဏ်တော်ကိုးလက်မရှိပြီး ယခုနှစ်ဇူလိုင် ၁ ရက်က
ဆံတော်များ ပေါ်ထွန်းခဲ့ ကြောင်း၊ ဆံတော်များထွက်ပေါ်ချိန်တွင်
ဘုရားဒါယကာဖြစ်သူ ဦးခင်မောင်ဦးက အများပြည်သူ ဖူးမြော်ပူဇော်နိုင်ရန်
မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် ရေကူးဘူတာ ရုံလမ်း
ပညာ့သိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့
ပြောင်းရွှေ့အပူဇော်ခံထားကြောင်း၊ ယင်းပညာ့သိပ္ပံကျောင်းမှ မြို့တွင်း
အပူဇော်ခံထွက်ရာ ၁၀ နေရာ အထိရှိပြီးဖြစ်ကြောင်း၊ ယခုအခါ၌ ပေါ်
တော်မူစေတီတော်တွင် အပူဇော်ခံထားရှိရာမှ ယာဘက်မျက်လုံးတော်
ပွင့်တော်မူခဲ့ကြောင်း ဘုရားဒါယကာ ဦးခင်မောင်ဦးက စံတော်ချိန်သို့
ပြောဆိုသည်။
" ဒီဘုရားက အရင်တုန်းက ရန်ကင်းဆည်မြောင်း
ရုံးတည်ဆောက်ရေး (၆) က ဒုညွှန်ကြား ရေးမှူး ဦးဝင်းပိုအိမ်မှာ ကိုးကွယ်တဲ့
ဘုရား။ သူရာထူးတက်သွားတော့ကျွန်တော့်ကို ပေးခဲ့တာ။ (၂၀၁၂ )ခုနှစ်မှာ
အိမ်မှာပင့်ပြီး ကိုးကွယ်ထားခဲ့တာ။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်က ဘုရား
ဆံတော်တွေ စပွင့်ခဲ့တယ်။ ကျွန်တော် ၁၉ ရက်ကြာမှ အားလုံးကို ပြောပြခဲ့တာပါ "
ဟု ဘုရားဒါယကာ ဦးခင်မောင်ဦးက ရှင်းပြသည်။
အဆိုပါ
ဗုဒ္ဓဆင်းတုတော်အား ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီတွင် ပညာ့သိပ္ပံဘုန်းတော်ကြီး
သင်ပညာရေး ကျောင်းသို့ ပြန်လည်ပို့ဆောင် အပူဇော်ခံထားမည်ဟု သိရသည်။ ဗုဒ္ဓ
ရုပ်ပွားတော်အား ပင့်ဆောင်ပူဇော်လို သူများသည် ဇန်န၀ါရီ ၄ ရက် နောက်
ပိုင်းတွင် ဦးခင်မောင်ဦး-ဒေါ်ခင်စော ၀င်း ဖုန်း-၀၉- ၄၂၁၁၂၁၁၁၅ ရုံးရှေ့
မှတ်တိုင် လှိုင်သာယာ ဆည်မြောင်း အိမ်ရာတိုက် (၁) အခန်း (၁၅) သို့
ဆက်သွယ်နိုင်ကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:
Post a Comment