သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ SSPP/SSA
တပ်များလှုပ်ရှားနေမှုကို ဖယ်ရှားပေးရန် လားရှိုးအခြေစိုက် ရမခ တိုင်းမှူးက
ဒီဇင်ဘာ လနှောင်းပိုင်းက တောင်းဆိုလိုက်သည်။၂၀၁၃ ဒီဇင်ဘာ ၃၀ ရက်က
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း
စစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက သီပေါမြို့နယ် နမ့်မဒေသဘက်
လှုပ်ရှားနေသည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်များ ဖယ်ရှားပေးရန်
သျှမ်းပြည်တပ်မတော် လားရှိုးမြို့ ကိုယ်စားလှယ်ရုံး တာဝန်ခံ
ဗိုလ်မှူးအောင်လတ်အား ခေါ်ယူပြော ကြားခဲ့ကြောင်းသိရသည်။
“ဘယ်နေ့ဘယ်ရက်နောက်ဆုံးထားပြီးတပ်ရုပ်ပေးရမယ်ဆိုတာတော့မပြောဘူး။
အဓိက ကတော့ သူတို့ လှုပ်ရှားသွားလာတဲ့ လမ်းကြောင်းမှာ
ကျနော်တို့အင်အားရှိနေတော့ ထိပ်တိုက်ဖြစ်မှာစိုးလို့ ဖယ်ရှား ပေးပါလို့
ကျနော်တို့ရုံးတာဝန်ခံကို တိုင်းမှူးက ခေါ်ပြောတာ” - ဟု ပြောခွင့်ရ
ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။
“အဲဒီဒေသမှာ အခုမှ
ကျနော်တို့သွားနေတာမဟုတ်ဘူး။ အရင်ကတည်းက လှုပ်ရှားသွားလာတာ၊ တပ်စ ခန်း
ကြီးကြီးအခြေချနေထိုင်တာလဲမရှိ ဘူးလို့ဘဲ ပြန်ပြောခဲ့တာ၊ အထက်ကိုတော့
တင်ပြပေးပါ့မယ် လို့ ပဲပြောခဲ့တယ်” - ဟု ဗိုလ်မှူးစိုင်းအောင်လတ်က ပြောသည်။
မြန်မာအစိုးရတပ်သည်
သျှမ်းပြည်တပ်မတော် အခြေချတပ်စခန်း၊ အခြေစိုက်တပ်စခန်းများနှင့် လှုပ်
ရှား စစ်ကြောင်းများ တပ်ရုပ်ပေးရန်တောင်းဆိုသော်လည်း ၂၀၀၉ မှစ၍ ယနေ့အထိ
SSPP/SSA ဌာနချုပ် အနီးတဝိုက် တိုးချဲ့အခြေချနေရာယူထားသည့် ၎င်းတို့၏ တပ်ရင်း
၂၀ ရင်းထက်မနည်း အင်အားထောင်ဂဏန်းကမူ တပ်ရုပ်ပေးခြင်းလုံးဝ မရှိသေးပေ။
သျှမ်းပြည်တပ်မတော်
SSPP/SSAသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေး
လက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။ ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂
လက်မှတ်ရေးထိုးစဉ်မှ စ၍ ယနေ့တိုင် တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော်
ဖြစ်ပွားခဲ့သည်။
သျှမ်းသံတော်ဆင့်

No comments:
Post a Comment