Sunday, January 26, 2014

အမေရိကန်နိုင်ငံ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ကိုလံဘီယာမြို့က စတိုးဆိုင် ၂၀၀ လောက်ရှိတဲ့ ဈေးဝယ်စင်တာမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ရဲက ပြောပါတယ်။
ဟိုးဝပ် မြို့နယ် ရဲက သေဆုံးမှုကို အတည်ပြုခဲ့တာပါ။ စတိုးဆိုင်တဆိုင်ရဲ့ အပြင်မှာ အသက် ၂၀ကျော် ယောက်ျား လေးတယောက်နဲ့ မိန်းကလေးတယောက်လည်း ပစ်သတ်ခံရကြောင်း ဆက်ပြော ပါတယ်။ တတိယ သေဆုံး သူကတော့ ပစ်ခတ်သူ ကိုယ်တိုင်ဖြစ်နိုင်ပြီး အလောင်းနားမှာ သေနတ်တလက် ခဲယမ်းမီးကျောက် တွေကို တွေ့ရတာပါ။

ပစ်ခတ်မှုနောက်ကွယ်က အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့ ရဲက ပြောပါတယ်။ ပစ်ခတ်မှုအပြီး ဈေးကိုရော ဈေးနားက လမ်းတွေကိုပါ ရဲတွက ပိတ် ထား လိုက်ပါတယ်။
ရဲတွေ၊ မီးသတ်ဌာန ၀န်ထမ်းတွေနဲ့ တခြား ဒေသခံ အာဏာပိုင်တွေကိုပါ အခင်းဖြစ်ရာမှာ တွေ့ရပြီး ပြည်သူတွေ ဒီပတ်ဝန်းကျင်ကို ရှောင်ရှားဖို့ တွစ်တာ လူမှုကွန်ယက် အင်တာနက် က တဆင့် အကြံပြု ထားပါတယ်။ ရဲတွေက ဈေးထဲက နေရာတခုချင်းကို ရှင်းလင်းပြီးချိန်အထိ ဈေးထဲက လူအားလုံး ရှိမြဲ နေရာမှာ နေကြဖို့ အမိန့်ထုတ်ထားခဲ့ပေမယ့် ရှင်းလင်းပြီးချိန်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
စုံစမ်းထောက်လှမ်းရေးသမားတွေကတော့ အခင်းဖြစ်ရာမှာ စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရသူ တွေကိုတော့ ဟိုးဝပ်မြို့နယ် အထွေထွေဆေးရုံကို ပို့ဆောင်ပေးလိုက်ပါပြီ။

DVB

No comments:

Post a Comment