ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းထုတ် ပြန်ထားပါတယ်။
ဇန်န၀ါရီလ ၂၅ ရက်နေ့ တနေ့တည်းမှာ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲ ၂ ပွဲ
ဖြစ်ခဲ့ပြီး အစိုးရတပ် ခမရ ၅၀၆ နဲ့ တအာင်းတပ်ရင်း ၂၅၆ တို့
ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နမ့်ဆန်မြို့ နယ်ထဲက အနောက်ကင်း ကျေးရွာအုပ်စု၊ ဟိုလရွာနားမှာ တကြိမ်၊
ပန်စရီရွာနားမှာ တကြိမ် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တာပါ။ အစိုးရတပ်ဖက်က
စစ်ကြောင်းမှူး ဗိုလ်မှူးတဦးအပါအ၀င် ၄ ဦး ကျဆုံး သွားတယ်လို့
ပလောင်တပ်ဘက်က ထုတ်ပြန်ချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။
ပလောင်တိုင်းရင်းသားတပ်ဘက်က ထိခိုက်ကျဆုံးတာ ရှိမရှိကိုတော့
ဖော်ပြမထားပါဘူး။ ဒီဗွီဘီက ထပ်မံ သီးခြား စုံစမ်းရာမှာလည်း နှစ်ဘက်
အကျအဆုံး သတင်းတွေကို အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
DVB

No comments:
Post a Comment