မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မိသားစု
အတွင်း အချင်းများရာမှ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူသတ်မှု ကျူးလွန်
ရာတွင် ပါဝင်သူ ၃ ဦးအား မိတ္ထီလာရဲစခန်းက ထိန်းသိမ်း ချုပ်နှောင် ထားကြောင်း
သတင်းများအရ သိရှိရ သည်။
ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်တွင်
မိတ္ထီလာမြို့ ပြည်သာယာတောင် ရပ်ကွက်၊ (၁) ပတ်လမ်းနေ ဖိုးပြူး (ခ)
ဝင်းကိုကိုနေအိမ်၌ လွန်ခဲ့သော ၂ ရက်ခန့်က ခင်ပွန်းဖြစ်သူနှင့်
စကားများပြီးရောက်ရှိနေသည့် မခင်ရွှေမြင့်အား တစ်ရပ်ကွက်တည်းနေ
မယားညီအစ်ကိုတော်စပ်သူ မခင်ရွှေမြင့်၏ ခင်ပွန်း အောင်ဇော်ထွေးက သွားရောက်
ခေါ်ယူရာမှာ ဖိုးပြူးက
ဆဲဆိုကြိမ်းမောင်းသဖြင့် အောင်ဇော်ထွေး၏ ညီဖြစ်သူ
ဇော်မျိုးထွေးက ဖိုးပြူး အား လေးဂွဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့
ပစ်ခတ်မှု ကို ဇော်မျိုး ထွေး၏ အစ်ကိုဖြစ်သူ ဖိုးနီ (ခ) ဇော်ထက်က
ဝင်ရောက်ဖြန်ဖြေ တားမြစ်စဉ် ဖိုးပြူးက ဓားဖြင့် ထိုးခဲ့မှုကြောင့် ဖိုးနီ၏
ယာဘက်နံကြားတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ ကြောင်း၊ ထို့ကြောင့်
အောင်ဇော်ထွေးက ဖိုးပြူးအား တုတ်ဖြင့်ရိုက်ပြီး လဲကျသွားစဉ် ဖိုးပြူး
ယူဆောင်လာသော ဓားဖြင့် ထပ်မံထိုးခဲ့သဖြင့် ဖိုးပြူး၏ ဝဲဘက်နံကြားတွင်
ထိုးသွင်း ဒဏ်ရာ ၂ ချက်နှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာများဖြင့်
သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်
မှတ်တမ်းများ အရ သိရသည်။
အခင်းဖြစ်ပွားသည့်နေရာတွင် ဒဏ်ရာရရှိခဲ့သူ
ဖိုးနီအား မိတ္ထီလာဆေးရုံ၌ အချုပ် ဖြင့် ဆေးကုသပေးလျက်ရှိပြီး
အောင်ဇော်ထွေးနှင့် ဇော်မျိုးထွေးတို့အား မိတ္ထီလာအကျဉ်း ထောင်၌
ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်နှင့်
ပတ်သက်၍ မလိုလားအပ်သော ပြဿနာများ ထပ်မံ မဖြစ်ပွား စေရေးအတွက်
မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်လုံခြုံရေး စနစ်တကျ ဆောင်ရွက်လျက်
ရှိကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်မှာ မိသားစုအတွင်း ဖြစ်ပွားသည့်
မှုခင်းဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ဘမ်းပြကာ
ဆူပူမှုပြုလိုသူ တစ်ချို့က ယင်းဖြစ်စဉ်အပေါ် ပုံကြီးချဲ့ပြီး ကောလဟလများ
ထုတ်လွင့် လျက်ရှိရာ ပြည်သူ လူထုအနေဖြင့် ယုံကြည်မှုမရှိကြရန် တာဝန်ရှိ
သူများက မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment