မန္တလေးတိုင်ဒေသကြီး မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇန်န၀ါရီလ ၁၀
ရက် ၁၀ နာရီ ခွဲအချိန် က ဆင်ခွါကျေးရွာမှ မိခင် မနီလာဝင်း မှ ယောကျာင်္းလေး
တစ်ဦးနှင့် မိန်းကလေးနှစ်ဦး ၃ မွှာ ပူးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။
၃
မွှာပူး ကလေးများ၏ ဖွားဖွား ဒေါ်နွဲ့က “အရင် ရွာကပြနေကျ ဆရာမနဲ့ပြကြည့်တော့ ၂
မွှာပူးပဲထင် တာ၊ မွေးဖွာရက်နီးလို့ဆေးရုံကြီး လာတက်မှပဲ ၃
မွှာပူးဖြစ်နေမှန်း သိရတာ၊ မန္တလေးဆေးရုံမဆင်း ရပဲ မိုးကုတ်ဆေးရုံကြီးမှာပဲ
အောင်မြင်စွာမွေးဖွားပေးတဲ့အတွက် ဆရာဝန်မကြီးနဲ့ ဆရာမတွေကို ကျွန်မအနေနဲ့
ကျေးဇူးအများကြီးတင်ပါတယ်၊
ကလေးတွေက သမီးရဲ့သားဦးလေးတွေဖြစ်ပြီး
ယောကျာင်္းလေးက ၅ ပေါင် ကျော်နဲ့ မိန်းကလေးနှစ်ဦးက လေးပေါင်းကျော်ရှိပြီး
ကျန်းကျန်း မာမာရှိကြတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊” ဟု ပြောပြသည်။
အဆိုပါ
၃ မွှာပူးများအတွက် မိုးကုတ်မြို့နယ် မိခင်နှင့် ကလေးစောင်ရှောက်ရေး အသင်း
ဥက္ကဌ ဒေါ်ခိုင် ၀ါဝါထွဋ် နှင့် အဖွဲ့ဝင်များက ဇန်န၀ါရီလ ၁၁ ရက်နေ့က
ကလေးအသုံးအဆောင်များ အပါ အ၀င် ထောက်ပံ့ ငွေစုစုပေါင်း (၁၀၆၀၀၀) ကျပ် အား
ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
MOI Webportal Myanmar

No comments:
Post a Comment