Monday, January 20, 2014

ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ရွှေ့ဆိုင်း

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဗီဇာကင်း
လွတ်ခွင့် အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို
ကိုးကား၍ The Voice Weekly က ရေးသားခဲ့သည်။
ပုဂံတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အကြို မီဒီယာများနှင့်
တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်ပြီး မည်သည့် အချိန်ထိ ရွှေ့ဆိုင်းထားသည်ကိုမူ ပြော
ဆိုခြင်းမရှိပေ။

ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို စတင်ရန်အဆင်သင့် ဖြစ်ပြီးဟု ထိုင်းနိုင်ငံ အစိုးရကို အသိပေး
ထားသော်လည်း အဆိုပါနိုင်ငံ အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံအစိုးရက
တစ်စုံတစ်ရာ ပြန်လည် အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။
ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် အာဆီယံဒေသတွင်း နိုင်ငံများ နှင့် သဘောတူညီမှု ရရှိ
ထားသော်လည်း လက်ရှိတွင် ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံများနှင့်သာ
အကောင်အထည် ဖေါ်နိုင် သေးသည်။

Myanmar Times

No comments:

Post a Comment