၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန် ငဖဲမြို့နယ်၊
ပင်ဦးအုပ်စု၊ ရေပုတ်ကျေးရွာနေ ဦးဖိုးရီ(၄၆)နှစ်သည် နေအိမ်၌ရှိနေစဉ်
လမ်းပေါ်မှ သားဖြစ်သူ မောင်စိုးသူနှင့် သမီးဖြစ်သူ မစန္ဒာတို့ ငိုသံကြားရ၍
နေအိမ်အောက်သို့ဆင်းကြည့်ရာ ၎င်းင်း၏ နေအိမ်အနောက်ဘက် တစ်အိမ်ကျော်ရှိ
ဦးဖိုးကြွယ်(၅၇)နှစ်၏ အိမ်ရှေ့ခြံစည်းရိုးတံခါးဝအနီးတွင် တူဖြစ်သူ
မောင်မျိုးဇော် (၂၂)နှစ်၌ ဦးခေါင်းထိပ်နှင့် နဖူးတို့တွင်
ဓါးဒဏ်ရာများဖြင့် လဲနေသည်ကိုတွေ့ရသည်။
ထိုသို့တွေ့ရှိ သဖြင့် မေးမြန်းရာ ဦးဖိုးကြွယ်၏ခွေးမှ
မောင်မျိုးဇော်အား ဟောင်သဖြင့် တစ်ယောက်တစ်ခွန်း စကားများရာက
ဦးဖိုးကြွယ်မှမောင်မျိုးဇော်အား ပေါင်းခုတ်ဓါးမဖြင့်ခုတ်ကြောင်းသိရပြီး
မျိုးဇော်အား ငဖဲဆေးရုံသို့ပို့အပ်ရန်သွားစဉ် လမ်း၌သေဆုံးသွား၍
အရေးယူပေးရန်တိုင်တန်းရာ ဦးဖိုးကြွယ်အား ငဖဲမြို့မရဲစခန်း (ပ)၇/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment