အဲဒီဆေးခန်းကို ၀င်ရောက်ဖမ်းဆီးခြင်း မပြုခင် အရင်ဆုံး
လူနာစေလွှတ်ပြီး ကုသထောက်လှမ်းခဲ့သေးကြောင်း၊ ဆေးခန်းဝင်ရောက်စီးနင်းရာမှာ
အလုံးရေ ထောင်နဲ့ချီတဲ့ သောက်ဆေး၊ ထိုးဆေးတွေရော ခွဲစိတ်ကုသကိရိယာ
အချို့ပါ ဖမ်းမိခဲ့တယ်လို့ ခရိုင်လ၀က ရဲမှူးကြီး ဖုန်းနခွန်း
နခွန်းဆန်တိဖပ်က သတင်းထောက်တွေကို ရှင်းလင်းပြောပြပါတယ်။
ဒါ့အပြင် လူနာမှတ်တမ်းစာအုပ်နဲ့ ဘတ်ငွေ ၂ သိန်း၊ တရားမ၀င်
ထီလက်မှတ်စာအုပ်တွေ နဲ့ နောက်ထပ် ဘတ်ငွေ ၅ သိန်းကျော်၊ စုစုပေါင်း
ထိုင်းဘတ်ငွေ ၇ သိန်းကျော် သိမ်းဆည်းခဲ့ကြောင်း၊ စာရင်းဇယားစာအုပ်တွေအရ
လုပ်ငန်းလည်ပတ်ငွေ ဘတ် ၄ သန်းကျော် ရှိကြောင်း ရဲမှူးကြီးက ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးချိန်မှာ အသက် ၃၅ နှစ်ရွယ်ရှိ
မခိုင်ဆိုသူ အမျိုးသမီးတဦးကို တွေ့ရှိကြောင်း၊ သူမရဲ့ ပြောပြချက်အရ
ဆေးခန်းပိုင်ရှင်မှာ ဦးဇော်သိန်း (အသက် ၄၀ လောက်) ဆိုသူဖြစ်ပြီး
ကိုယ်ဝန်ဖျက်လိုသူ လူနာတဦးကို မြန်မာပြည် မော်လမြိုင်ဘက်
သွားပို့နေတယ်လို့ ဆိုပါတယ်။
အဲဒီဆေးခန်းမှာ တနေ့ကို ပျမ်းမျှ လူနာ ၁၀ ဦးလောက်
ရောက်လာကြောင်း၊ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ယခင်က
ကိုယ်ဝန်ဖျက်ခြင်းကိုပါ ဆောင်ရွက်ပေးပေမယ့် ခုနောက်ပိုင်း အဖမ်းဆီးခံရမှာ
စိုးတာနဲ့ မြန်မာပြည်ထဲကို ပြန်ခေါ်ပြီး ဆောင်ရွက်ပေးတယ်လို့
စုံစမ်းသိရှိရကြောင်း ရဲမှူးကြီးက ပြောပါတယ်။
အမှုကို လိုအပ်သလို အရးယူဆောင်ရွက်ဖို့ နောက်ထပ်စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။DVB

No comments:
Post a Comment