၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဝန်ထမ်းများအားလုံးအား
သတ်မှတ်လစာထက် ကျပ်နှစ်သောင်းကို ထပ်မံတိုးမြှင့်နိုင်ရေးအတွက်
သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအတွင်း၌ ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာ(၇)ရက်နေ့
ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှ သိရှိရသည်။
နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးရန်အတွက် သမ္မတမှ မိန့်ခွန်းအတွင်း
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင်
ဆွေးနွေးရန် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်အတွင်း
ဆွေးနွေးချက် များပြီးမှသာ တိုးမြှင့်နိုင်ရေးမှာ သေချာမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။
“အချက်နှစ်ချက်နဲ့ တိုးမြှင့်ပေးတာပါ၊ ကျပ်နှစ်သောင်းအပြင် ပင်စင်လစာနဲ့
ဆုကြေးငွေတွေ တိုးမြှင့်ပေးဖို့လည်း ပါဝင်ပါတယ်” ဟု ဦးရဲထွဋ်က
ပြောဆိုသည်။
လစာတိုးမြှင့်ပေးရသည့် အချက်နှစ်ချက်မှာ ရသုံးခန့်မှန်းငွေများအား
စာရင်းချုပ်ရာ၌ စီးပွားရေးလုပ်ငန်းများ များပြားလာခြင်း၊
အခွန်ရရှိမှုများလာခြင်းနှင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းတို့အား
ကာမိစေရန်အတွက် တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။
“လစာတိုးတယ်ဆိုတာ တကယ်မလွယ်ပါဘူး၊ ရာထူးကြီးတွေထက် အောက်ခြေက
ရာထူးငယ်တွေက ပိုပြီး တိုးသင့်ပါတယ်၊ သူတို့တွေ ရတဲ့လစာနဲ့ အတော်ကို
ခက်ခဲနေတာ တကယ်ပါပဲ” ဟု တပ်မတော်မှအရာရှိတစ်ဦးက
လစာတိုးမြှင့်မှုနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။
ဝန်ထမ်းလစာတိုးမြှင့်ပါက ကုန်ဈေးနှုန်းများ တိုးမြင့်လာနိုင်သော်လည်း
အသေးစိတ် (မိုင်ခရို)အချက်အလက်များမှ စတင် တွက်ချက်ပြီး
လုပ်ဆောင်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်လာဖွယ် မရှိကြောင်း ဦးရဲထွဋ်က
ပြောဆိုထားသည်။
ယခုကဲ့သို့ လစာတိုးမြှင့်ပေးခြင်းသည့်
နိုင်ငံတော်သမ္မတဦးစိန်းတာဝန်ယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက်
လစာတိုးမြင့်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပါက လာမည့်
၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ်၌ ၀န်ထမ်းများအားလုံး
ကျပ်နှစ်သောင်းထက်မံတိုးမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
by myitmakha

No comments:
Post a Comment