ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ၊မြို့မ(၂)ရပ်ကွက် ဘောဂလမ်း၌
အမျိုးသမီးတဦး မိမိကိုယ်မိမိ ခဲချွန် ဓါးဖြင့် သတ်သေကြောင်း၊
ဇန်န၀ါရီလ(၇)ရက် (၁၄း၃၀)နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သတင်းပေး
အကြောင်းကြား သဖြင့်၊ဘောဂလမ်း မြို့မ(၂) ရပ်ကွက်သို့  ညောင်လေးပင်ရဲစခန်းမှ
စခန်းမှူး ဒုရဲမှူးသက်လွင်၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ၀င်းထွဋ်အောင်၊
တာဝန်မှူး ဒုရဲအုပ် သိန်းအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇာနည်လင်း
နှင့် အဖွဲ့ များ သွားရောက် စစ်ဆေးရာ မအေးအေးသိန်း (၄၂)နှစ်(ဘ) ဦးပါ
သည်မိမိနေအိမ် အောက်ထပ်ဘေး မီးဖိုချောင်တွင် YESS တံဆိပ်ပါ ခဲချွန်ဓါး
အသွား (၂)လက်မခန့် ကော်ရိုးတပ် (၃) လက်မ ခန့် ရှိ ခေါက်ဓါးဖြင့်
မိမိကိုယ်ကို လည်ပင်းအောက် ဖြတ်ရှဒဏ်ရာ (၃)လက် မခန်
့ဖြင့်သေဆုံးနေကြောင်းတွေ့ ရှိ၍ ညောင်လေးပင် ဆေးရုံသို့ ရဲဆေး စာဖြင့်ပို့
ခဲ့သည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေဆုံးသူ မအေးအေးသိန်း၏ ခင်ပွန်း ဖြင့်သူ
ကိုထွန်းထွန်းနိုင် (၄၃)နှစ် အားစစ်ဆေးမေးမြန်းရာ လွန်ခဲ့သည့် (၆)လခန့်က
ရင်သား ကင်ဆာရောဂါဖြင့် ရင်သားများ ဖြတ်ထားပြီး ဆေးကုသနေရကြောင်း ယခုပန်းနာ
ရင်ကြပ် ရောဂါပါ စွဲနေ သောကြောင့် စိတ်ကျရောဂါ စွဲကပ်နေ၍ မိမိကိုယ်ကို
ဓါးဖြင့်လှီးဖြတ် သေဆုံးကြောင်း သိရှိရသည်။
သိုဖြင့်ပါ၍ ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် နှင့်သူတပါး ပယောဂါ
ကြောင့်သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် ဒုရဲအုပ် သိန်းအောင်မှ
တရာလိုဖြင့်ပြုလုပ် တိုင်တန်း သဖြင့် ညောင်လေးပင်မြို့မ ရဲစခန်းမှ သေမှု
သေခင်း ၁/၂၀၁၄ ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
MOI Webportal Myanmar
myanmar latest news

No comments:
Post a Comment