မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါး၌ ကင်ဆာရောဂါ ဖြစ်နိုင်သော ခံတွင်း
အနာတွေ့ရှိရသည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၌ ဖတ်ကြားခဲ့သည့် စာတမ်း
တစ်စောင်ကို ကိုးကားကာ 7 Day Daily သတင်းစာက ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့
သည်။
ကွမ်းစားသူများတွင် ကင်ဆာဖြစ်လာနိုင်သည့် ခံတွင်းအနာ တွေ့ရှိရမှု သည် ၈ ဒသမ ၅ ရာခိုင်
နှုန်းအထိ ရှိနေပြီး ကွမ်းမစားသူများတွင် သုည ဒသမ လေး ရာခိုင်နှုန်းသာရှိသည်ဟု စာတမ်းတွင်
ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်း အသက် ၁၈ နှစ်နှင့်အထက် လူပေါင်း ၅၄၂ ဦးကို ကွမ်းစားခြင်းနှင့်ပတ်သက်
၍ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊
ကျန်းမာရေးဝန်ကြီးဌာန နိုင်ငံခြားဆက်သွယ်ရေးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့မှ သုတေသီများ
က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သုတေသနပြုလုပ်မှုတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ
၄၅ နှစ် ဖြစ်ပြီး အမျိုးသမီးပါဝင်မှုမှာ ၅၉ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
ကွမ်းစားဆေးများသာမက ကွမ်းရွက်များတွင်လည်း စိုက်ပျိုး သောအခါ၌ ပိုးသတ်ဆေးများဖျန်းခြင်း၊
ဓာတုပစ္စည်းများ အသုံးပြု ထားခြင်းကြောင့် ခံတွင်းကင်ဆာကို ဖြစ်စေနိုင်ကြောင်း၊ ကွမ်းယာ စား
သုံးမှုတွင် ဆေးရွက်ကြီးနှင့် ကွမ်းစားဆေးများ အသုံးမပြုသည့်တိုင် ကင်ဆာဖြစ်စေနိုင်သော
လုံလောက်သည့် သက်သေမျိုး တွေ့ရှိထား သည်ဟု ဗြိတိန်အခြေစိုက် ပါးစပ်နှင့် ခံတွင်းကင်ဆာ
ဖောင်ဒေးရှင်း၏ လေ့လာတွေ့ရှိချက်တွင် ပါဝင်ကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထား သည်။
by Myanmar Times

No comments:
Post a Comment