အလုံမြို့နယ်
ကမ်းနားလမ်းရှိ Apex ဓါတ်ဆီဆိုင်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင်ဆိုင်သည့်
ဓါတ်ငွေ့အရောင်းဆိုင် ကြားရှိပျဉ်ထောင်အိမ်တစ်လုံး ဆေးလိပ်မီးမှတဆင့်
ဇန်န၀ါရီလ(၁၂)ရက်နေ့ ည ၉နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ
မီးသတ်ကား ၈ စီးနှင့်အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ
မီးလောင်ကြွမ်းမှုဖြစ်ပွားရာနေအိမ်မီးလောင်ကျွမ်းပျက်စီးကာဆုံးရှုံးမှုတန်ဖိုးငွေ(ခန့်မှန်း)တစ်သိန်းခွဲ
ဝန်းကျင်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးထံက သိရသည်။
“မီးလောင်ချိန်
၁၀ မိနစ်ကျော် ရှိပါတယ်။ သွပ်မိုးသွပ်ကာ
ပျဉ်ထောင်အိမ်ပါ။အိမ်ပိုင်ရှင်ကိုတော့ အမှုဖွင့် အရေးယူထားတယ်။
ဆေးလိပ်မီးကတဆင့်မီးလောင်တာပါ။” ဟု အလုံမြို့နယ် မီးသတ်တပ်ဖွဲ့ လက်ထောက် ဦးစီးမှူးဦးကြည်စိုးက ပြောသည်။
အဆိုပါ မီးလောက်ကြွမ်းမှုကို မီးသတ်ကား ၈ စီး၊ ရေသယ်ယဉ် ၂ စီးနှင့် အုပ်ချုပ်ရေးယဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့
ညီအကိုနှစ်ယောက်လုံး ဘောလုံးပွဲသွားကြည့်နေတာ။မီးလောင်တယ်ဆိုလို့
ပြန်ပြေးလာတော့ မီးသတ်တွေ ရောက်နေပြီ။ နောက်ဖေးကစလောင်တာပါ” ဟု အိမ်ပိုင်ရှင် နာဂလာချာက ပြောသည်။
ဇန်န၀ါရီလ(၁၂)ရက်နေ့
အခင်းဖြစ်ပွားစဉ်အချိန်ကအင်္ဂလန်အမှတ်ပေးပြိုင်ပွဲဖြစ်သည့် နယူးကာဆယ်နှင့်
မန်စီးတီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေသည့်ဘောလုံးပွဲကို
ကြည့်ရှုခဲ့ရာမှယခုကဲ့သို့ ကြုံတွေ့ရခြင်း
ဖြစ်သည်။အခင်းဖြစ်ပွားရာနေအိမ်တွင် ညီအကိုနှစ်ဦးနေထိုင်ပြီး
အခင်းမဖြစ်ပွားမီက ဖယောင်တိုင်မီး ထွန်းညှိထားသည် ကိုတွေ့ရသည်ဟု
အနီးအနားတွင်နေထိုင်သူများကပြောဆိုသည်။
“ဓါတ်ဆီဆိုင်နဲ့
ဂတ်ဝင်းနဲ့က အုတ်တံတိုင်းပဲခြားတယ်။ အရှေ့မှာစက္ကူစက်ရုံနဲ့
ဘတ်ထရီအိုးရုံရှိတယ်။ အသိမြန်လို့ မဟုတ်ရင်တစ်ရပ်ကွက်လုံးကုန်ပြီ။” ဟု အိမ်နီးဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါအိမ်ပိုင်ရှင်
၂ ဦးဖြစ်သည့် နသီဘလူးနှင့်
နာဂလာချာတို့နှစ်ဦးကိုအလုံမြိုနယ်ရဲစခန်မှပပုဒ်မ (၂၅၈) နှင့်
တရားဆွဲဆိုထားပြီး နသီဘလူးမှာ ထွက်ပြေးတိမ်ရှောင်နေသည်ဟု သိရသည်။
by Myitmakha

No comments:
Post a Comment